Best National Costume ဆုတောင်ရနိုင်တဲ့ အံအားသင့်ဖွယ် အလှမယ် ဆွေဇင်ထက်ရဲ့ယှဉ်ပြိုင်မှု ဗီဒီယို

Last modified date

လတ်တလော အမေရိကန်နိုင်ငံ၊ဂျော်ဂျီယာပြည်နယ်၊ အတ္တလန္တာမြို့မှာကျင်းပပြုလုပ်နေတဲ့ (၆၉)ကြိမ်မြောက် ကမ္ဘာ့မယ်စြင်္ကာဝဠာပြိုင်ပွဲကြီးကို မြန်မာကိုယ်စားပြုအလှမယ် ဆွေဇင်ထက်ကဝင်ရောက်ယှဉ်ပြိုင်နေတာပဲဖြစ်ပါတယ်။

ဆွေဇင်ထက်ဟာပြိုင်ပွဲရဲ့ ပွဲစဉ်တစ်လျှောက်လုံး အကောင်းဆုံးယှဉ်ပြိုင်နေတာဖြစ်ပြီး National Costume Round မှာတော့ မြန်မာတို့ရဲ့ ပြယုဂ်ဖြစ်တဲ့ “လယ်တောသူမလေး ကောက်ရိတ်ချိန်”ကို သရုပ်ဖော်ပြီး ပါဝင်ယှဉ်ပြိုင်ခဲ့တာပဲဖြစ်ပါတယ်။

National Costume ဝတ်စုံကို ဝတ်ဆင်ပြီး အလှမယ်ဆွေဇင်ထက်က ယှဉ်ပြိုင်တဲ့ စင်မြင့်ပေါ်ကို ထွက်လာချိန်မှာတော့ ဒိုင်တွေနဲ့ လာရောက်ကြည့်ရှု အားပေးတဲ့ ပရိသတ်တွေက National Costume ဝတ်စုံရဲ့ ကြီးကျယ်ခမ်းနားပြီး လှပသေသပ်မှုကို သဘောကျနှစ်သက်ခဲ့ရပါတယ်။ ဒီလိုအချိန်မှာပဲ အလှမယ်ဆွေဇင်ထက်ရဲ့ ဝတ်စုံနဲ့ လိုက်ဖက်မှုရှိလှတဲ့ သရုပ်ဖော်မှုကြောင့်လည်း အံ့သြမင်သက်ဖြစ်ခဲ့ရပြန်ပါတယ်။

အခုလို ပရိသတ်တွေရဲ့ သဘောကျနှစ်သက်မှုကို အပြည့်အဝရရှိခဲ့တာကြောင့် ဒီနှစ်ရဲ့ ကမ္ဘာ့မယ်စြင်္ကာဝဠာပြိုင်ပွဲကြီးမှာတော့ “Best National Costume” ဆုကြီးကို မြန်မာကိုယ်စားပြုအလှမယ်က အပိုင်သိမ်းလာနိုင်လိမ့်မယ်လို့လည်း ထင်ကြေးပေးခံနေရပါတယ်။

ပရိသတ်ကြီးရေ မြန်မာကိုယ်စားပြုအလှမယ်ရဲ့ နိုင်ငံတကာစင်မြင့်ထက်မှာ ဝင့်ဝါတောက်ပနေမှုကြီးကို တွေ့မြင်ခံစားလို့ရအောင် ဗီဒီယိုလေးကိုလည်း မျှဝေပေးလိုက်ပါတယ်။

ရုပ်သံကြည့်ရန်

admin