ကိုယ့်ကိုကိုယ် သတ်သေဖို့အထိ စဉ်းစားနေခဲ့တယ် ဆိုပြီး ရင်ဖွင့်လာတဲ့ ဧငြိမ်းဖြူ

Last modified date

ဧငြိမ်းဖြူလေးကတော့ ဘာဘီရုပ်လေးနဲ့ တူတဲ့ မင်းသမီးလေးလို့ ပရိသတ်တွေက ပြောလေ့ရှိကြပြီး မြန်မာရုပ်သံနောက်ခံဇာတ်လမ်းတွဲမှာလည်း ပါဝင်ခဲ့တာကြောင့်လည်း ပရိသတ်တွေ သတိထားမိလာတာလို့ဆိုရမှာပါ။ Cover Dance တွေလည်းကလေ့ရှိတဲ့သူလေး ဖြစ်ပြီး အခုနောက်ပိုင်းမှာအနုပညာအလုပ်တွေဆက်တိုက်လုပ်လာပြီလို့ဆိုရမှာပါ။ရုပ်ရှင်ကားတွေလည်း ရိုက်ကူးနေပြီလို့ သိရပါတယ်။

သူမရဲ့အချစ်ရေးကတော့ ပရိသတ်တွေကိုအထူးမိတ်ဆက်ပေးစရာမလိုတဲ့ ပြည်သူ့အချစ်တော် နိုင်ငံကျော်အဆိုတော်ရဲရင့်အောင်နဲ့ ချစ်သူစုံတွဲတွေဖြစ်ပြီး ခိုင်မြဲတဲ့ တွဲလက်တွေနဲ့ အတူ အေးတူပူအမျှလက်တွဲခဲ့ကြတာ သက်တမ်း(၃)နှစ်ကျော်ခဲ့ပြီပဲ ဖြစ်တဲ့အပြင် လိုက်ဖက်ညီလှတဲ့ စုံတွၤဲလေးတစ်တွဲလို့လည်း ဆိုနိုင်ပါတယ်။ပရိသတ်တွေ ချစ်ခင်သဘောကျရတဲ့ အနုပညာရှင်စုံတွဲတွေထဲက ရဲရင့်အောင်နဲ့ ဧငြိမ်းဖြူတို့စုံတွဲလေးတစ်တွဲအပါအဝင်ဖြစ်ပြီး နားလည်မှုရှိရှိနဲ့လက်တွဲကာ သာယာပျော်ရွှင်တဲ့ ချစ်သူစုံတွဲဘဝလေးကိုပိုင်ဆိုင်ထားတာပဲ ဖြစ်ပါတယ်။ဧငြိမ်းဖြူလေးကတော့ ဘယ်သွားသွားဘာလုပ်လုပ် အချိန်တိုင်းအသိပေးပြီး အရမ်းဂရုစိုက်တဲ့ ချစ်သူဖြစ်တဲ့ ရဲရင့်အောင်ကို ပိုင်ဆိုင်ထားပြီး မွေးနေ့ရောက်တိုင်း ချစ်သူနဲ့ဖြတ်သန်းလေ့ရှိတယ်လို့ဆိုရမှာပါ။

မကြာသေးမီက သူမအနေနဲ့ အရမ်းတွေစိတ်ပင်ပန်းကာ သတ်သေချင်တဲ့အထိ ဖြစ်ခဲ့ကြောင်းကို ” ကိုယ်ဘယ်လောက်ပင်ပန်းလဲဆိုတာ ဘယ်သူမှနားလည်မှာမဟုတ်ဘူး။ဘယ်လောက်ခက်ခက်ခဲခဲ ကြိုးစားနေရလဲဘယ်သူမှသိမှာမဟုတ်ဘူး ။ ကိုယ်အရမ်းတန်ဖိူးထားတဲ့အလုပ်တောင်စွန့်လွှတ်ပြီး အရာအားလုံး ဖြစ်ချင်ရာဖြစ်ခဲ့တော့ဆိုပြီး ထွက်ပြေးဖို့ရော အကြိမ်ကြိမ် ကြိုးစားခဲ့တယ်။ ကိုယ့်ကိုကိုယ်သတ်သေဖို့ထိ စဉ်းစားနေခဲ့တယ်။ အမှန်တိုင်းပြောရရင် ခုထိလဲ လွတ်မြောက်ဖို့ ကြိုးစားနေတုန်းပဲ ဒါပေမယ့် ရအောင်ပြန်ထတယ်။ ကိုယ့်မျက်နှာမှာ အပြုံးတွေမရှိတာ သိပ်ကိုကြာခဲ့ပြီ။ဟန်ဆောင် ပြုံးနေရတဲ့ ဘဝကြီးမှာ မနေနိုင်တော့ဘူး ” ဆိုကာ သူမရဲ့ My Day မှာ ရင်ဖွင့်ခဲ့တာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ဧငြိမ်းဖြူလေးအတွက် အားပေးစကားလေးပြောခဲ့ပါဦးနော်။

Source :CeleConnections

admin