Asia Academy Creative Awards ပွဲမှာ Nadine နဲ့အတူတူ ဆုကြော်ငြာပေးခဲ့တဲ့ ဝတ်မှုံရွှေရည်

Last modified date

နိုင်ငံတကာက ပရိသတ်တွေ ရင်ခုန်စိတ်လှုပ်ရှားစွာနဲ့ စောင့်ကြည့်ခဲ့ကြတဲ့ Asia Academy Creative Awards 2019 ပွဲကြီးကတော့ အောင်မြင်စွာနဲ့ ပြီးဆုံးသွားခဲ့ပြီပဲ ဖြစ်ပါတယ်။ ဆုအသီးသီးအတွက် နိုင်ငံတကာက သရုပ်ဆောင်တွေ၊ အတတ်ပညာရှင်တွေအသီးသီးက ဆွတ်ခူးရရှိသွားခဲ့တာကို တွေ့ရပါတယ်။

Asia Academy Creative Awards 2019 ဆုပေးပွဲကြီးကို မြန်မာသရုပ်ဆောင်နှစ်ဦးဖြစ်တဲ့ ဝတ်မှုံရွှေရည်နဲ့ ကလေးသရုပ်ဆောင် ပြည့်ပြည့်တို့က ဆန်ကာတင်စာရင်းဝင်တွေအဖြစ် တက်ရောက်ခဲ့ကြပါတယ်။

Asian The Best Actress in Supporting Role ဆုကို ဝတ်မှုံရွှေရည်နဲ့အတူတူ ဖိလစ်ပိုင်နာမည်ကြီး မင်းသမီး Nadine Lustre တို့က စတိတ်ပေါ်မှာ အတူတူ ကြော်ငြာပေးခဲ့တာကိုလည်း ကြည်နူးစွာတွေ့မြင်ရပါတယ်။

ဖိလစ်ပိုင်မင်းသမီးလေး Nadine Lustre က သူမရဲ့ ဇာတ်လမ်းတွဲတွေ ရုပ်ရှင်တွေနဲ့ မြန်မာပရိသတ်တွေရဲ့ အားပေးမှုကို ရရှိထားတာဖြစ်ပါတယ်။ ဒါ့အပြင် Nadine နဲ့ သူမရဲ့ချစ်သူ James Reid တို့ရဲ့ အချစ်ရေးလေးကလည်း ပရိသတ်တွေကြား နာမည်ကျော်ကြားပါတယ်။

ကိုယ့်နိုင်ငံက အလှဆုံး၊ အချောဆုံး မင်းသမီးလေးနဲ့ ဖိလစ်ပိုင်က လူကြိုက်အများဆုံး မင်းသမီးလေးတို့နှစ်ယောက်ကို စတိတ်တစ်ခုတည်းမှာ ဘေးချင်းယှဉ်ရပ်တွေ့ရတာ အရမ်းကြည်နူးစရာကောင်းတာပဲနော်။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်။

မိုမိုလေး

admin