ချစ်သူအသစ်ရနေပြီလားလို့ လူပြောများနေတဲ့ စုံတွဲဓာတ်ပုံ အကြောင်းပြောလာတဲ့ သင်ဇာဝင့်ကျော်

Last modified date

လှပတဲ့ အသွင်အပြင် နဲ့ လှိုက်ဖိုကြီးငယ် အသွယ်သွယ်သော ကောက်ကြောင်းတွေကိုပိုင်ဆိုင်သူ သရုပ်ဆောင် သင်ဇာဝင့်ကျော်ကတော့ ပုရိသ ယောက်ျားများ အားပေးမှုအများဆုံး ရရှိထားတဲ့ သရုပ်ဆောင် တစ်ဦးလည်းဖြစ်ပါတယ်။ သူမရဲ့ “ မပေါ်ရင်မနေ နိုင်တာကလွဲလို့” ဆိုတဲ့ ဖက်ရှင်ကိုလည်း ပရိသတ်တွေခင်ဗျာ တဟာဟာ ..တဟင်ဟင်နဲ့ ငှက်ဖျားနဲ့ အပူဝင်သလို ဖြစ်သွားစေတတ်တဲ့ အလှအပတွေကြောင့်ပဲဝန်းရံသူတွေ များပြားနေခဲ့သူတစ်ဦးဖြစ်ပါတယ်။

သူမဟာ အနုပညာအလုပ်တွေကို ဆက်လက်လုပ်ကိုင်နေသလို ၊ ပွဲတက်နဲ့ ကြေငြာကိစ္စတွေကိုလည်း လက်ခံဆောင်ရွက်နေတဲ့ အနုပညာရှင်တစ်ဦးဖြစ်ပါတယ်။ မကြာသေးခင်က ထိုင်နိုင်ငံက ကော်ပီကူးထားတယ်ဆိုတဲ့ မြန်မာ့သြဘာ ကြေငြာမှာလည်း
ရွှေအိမ်စည် ၊ လုလုအောင် ၊ သင့်ဇာ တို့ သုံးဦးရဲ့ ပိုကြီး ပိုကိတ် ပိုသီးဖို့ ဆိုတဲ့ ကြေငြာဟာလည်း ပေါက်ခဲ့တာ အားလုံးအသိပါပဲနော်။ အခုတော့ သူမကို ချစ်တဲ့ ပရိသတ်တွေက သူမရဲ့ အရင်တုံးက ချစ်သူတွေပုံတွေကို မြင်တွေ့ပြီးတော့ ချစ်သူရနေပြီလားဆိုတဲ့
စိုးရိမ်စိတ်ကလေးတွေ ဖြစ်နေကြပါတယ်။

ဒီအပေါ်မှာ သူမက မီဒီယာတစ်ခုကနေ အဲ့တာ အရင်တုန်းက ချစ်သူပုံဖြစ်ပြီးတော့ လက်ရှိမှာတော့ တစ်ယောက်တည်းပဲ အေးအေးဆေးဆေးရှိနေပါတယ်လို့ ဆိုပါတယ်။အဲ့ပုံတွေ တက်လာတဲ့အပေါ်မှာလည်း ဘာကိုမှလွမ်းစွတ်ခြင်း သတိရခြင်းမျိုးမခံစားရ
ပါဘူးလို့ ဆိုပါတယ်။

သူမဟာ နိုင်ငံခြားသား ချစ်သူနဲ့ အပန်းဖြေခရီးထွက်ပြီး နောက်ပိုင်းမှာ ချစ်သူနဲ့ နားလည်မှု မရတာကြောင့်ဆိုပြီး နှစ်ဦးသဘောတူပြတ်စဲခဲ့ကြတဲ့ နောက်မှာတော့ နောက်ထပ်ချစ်သူ မရှိသေးဘူးလို့ သိရပါတယ်။

ဗီဒီယိုဖိုင်ကြည့်ရန် နှိပ်ပါ

Video Credit : Myanmar Celebrity Tv

admin