မြင့်မြတ်ရဲ့သားလေး မြတ်သူကို လက်ပေါ်က မချလောက်အောင် ချစ်နေတဲ့ ရွှေမှုံရတီ

Last modified date

နိုင်ငံကျော် အနုပညာရှင်တွေ ဖြစ်ကြတဲ့ သရုပ်ဆောင်မြင့်မြတ်နဲ့ ရွှေမှုံရတီတို့ အနုပညာမောင်နှမနှစ်ဦးကတော့ တစ်ဦးကိုတစ်ဦး ခင်ခင်မင်မင်နဲ့ ချစ်ချစ်ခင်ခင်ရှိလှတာကြောင့် မောင်နှမအရင်းတွေလိုကို ဖြစ်နေတာပါ။ လတ်တလောမှာတော့ ရွှေမှုံရတီက မြင့်မြတ်ရဲ့သားလေး မြတ်သူကို လက်ပေါ်က မချနိုင်လောက်အောင် အချစ်ပိုနေတဲ့ သူမရဲ့ပုံရိပ်တွေကို လူမှုကွန်ယက်မှာ ဝေမျှပေးထားတာ တွေ့ရပါတယ်။ အနေအေးပြီး အရမ်းလိမ္မာတဲ့ မြင့်မြတ်ရဲ့သားလေး မြတ်သူကတော့ မမ ရွှေမှုံရတီလက်ထဲမှာ ပျော်ရွှင်နေတာ တွေ့ရပါတယ်နော်။

ချစ်ပရိသတ်တွေအတွက် မြင့်မြတ်ရဲ့သားလေး မြတ်သူကို အချစ်ပိုနေတဲ့ မင်းသမီးချောလေး ရွှေမှုံရတီရဲ့ပုံရိပ်တွေကို ဖော်ပြပေးလိုက်ပါတယ်နော်။

မင်းသမီးချောလေး ရွှေမှုံရတီကတော့ လက်ရှိမှာ စီနီယာအကိုဖြစ်တဲ့ မြင့်မြတ်နဲ့အတူ ရုပ်ရှင်ဇာတ်ကားကြီးရိုက်ကူးနေတာဖြစ်ပြီး၊ မြင့်မြတ်ရဲ့သားလေး မြတ်သူကိုလည်း ဝိုင်းကူထိန်းနေတာ တွေ့ရပါတယ်နော်။

သရုပ်ဆောင် မြင့်မြတ်ရဲ့သားလေး မြတ်သူကိုတော့ ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ်၊ သြဂုတ်လ ၇ ရက်နေ့မှာ မွေးဖွားသန့်စင်ခဲ့တာဖြစ်ပြီး၊ အခုဆိုရင် တစ်နှစ်ကျော်သွားပြီပဲ ဖြစ်ပါတယ်။

မင်းသမီးချောလေး ရွှေမှုံရတီကတော့ တလောက ပြေတီဦးနဲ့အတူ “ငရဲဆိုတာ ဂျိုနဲ့လား” ရုပ်ရှင်ဇာတ်ကားကြီးကို ရိုက်ကူးခဲ့တာဖြစ်ပြီး၊ လတ်တလောမှာတော့ မြင့်မြတ်နဲ့အတူ ရုပ်ရှင်ရိုက်ဖြစ်နေတာပါ။ ရွှေမှုံရတီကို ညီမလေး အရင်းလိုချစ်တဲ့ မြင့်မြတ်ကလည်း မှားနေတာတွေ့ရင် အကိုကြီးလို ဆုံးမတတ်တယ်လို့လည်း သိရပါတယ်။ ချစ်ပရိသတ်တွေလည်း အရမ်းချစ်ဖို့ကောင်းတဲ့ မြတ်သူလေးနဲ့ ရွှေမှုံလေးတို့ကိုချစ်ရင် Share သွားကြဖို့ မမေ့ပါနဲ့နော်။

Myint Myat
Source;Myint Myat’s Facebook

admin