ယုံကြည်မှုတစ်ခုအတွက် အမေစုကိုဝန်းရံဖို့ နယ်သာလန်ကို လိုက်သွားတဲ့ စမိုင်းလ်တို့ဇနီးမောင်နှံ

Last modified date

သရုပ်ဆောင် စမိုင်းလ်တို့ ဇနီးမောင်နှံကတော့ သဲတစ်မှုန်စာလေးပဲဖြစ်ပါစေ ယုံကြည်မှုတစ်ခုအတွက် အမေစုကို ဝန်းရံပေးဖို့ နယ်သာလန်ကို သွားနေပြီဖြစ်ပါတယ်။

ICJ အပြည်ပြည်ဆိုင်ရာတရားရုံးရဲ့ ကြားနာမှုကို နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစု ဦးဆောင်တဲ့အဖွဲ့ဟာ နိုဝင်ဘာလ ၈ ရက်နေ့မှာထွက်ခွာသွားခဲ့တာဖြစ်ပါတယ်။ ဘန်ကောက်မှတဆင့် နယ်သာလန်နိုင်ငံ အမ်စတာဒမ်မြို့ကိုရောက်ရှိနေပြီး ICJ ရုံးတည်ရှိရာ သည်ဟိတ်မြို့ကို ပြန်လည်ထွက်ခွာပြီး ရောက်ရှိနေပြီလို့ သိရပါတယ်။

ICJ ကိုသွားရောက်မယ့် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ထောက်ခံပွဲကို မြန်မာနိုင်ငံတစ်ဝန်း အနယ်နယ်အရပ်ရပ်မှာ ပြုလုပ်နေကြပြီးတော့ ပြည်သူများကလည်း တစ်ဖက်တစ်လှမ်းမှ ရပ်တည် ဝန်းရံနေတာကိုလည်း တွေ့ရပါတယ်။

သရုပ်ဆောင် စမိုင်းလ်တို့ ဇနီးမောင်နှံကလည်း သူမတို့ရဲ့ ယုံကြည်မှုတစ်ခုအတွက် အမေစုကို ထောက်ခံဝန်းရံပေးဖို့ နယ်သာလန်နိုင်ငံ ထိသွားရောက်နေကြပြီပဲဖြစ်ပါတယ်။ သူမကတော့ သဲတစ်မှုန်စာလေးပဲဖြစ်ပါစေ ဝန်းရံပေးဖို့ သွားရောက်တာလို့ သူမဖေ့ဘုတ်စာမျက်နှာထက်မှာရေးသားထားပါတယ်။

သရုပ်ဆောင် စမိုင်းလ်က နယ်သာလန်နိုင်ငံ ၊ အမ်စတာဒမ်မြို့ကိုသွားရောက်နေပြီဖြစ်တဲ့ သူမရဲ့ပုံရိပ်တစ်ချို့ကိုလည်း ခုလိုပဲမျှဝေထားပါတယ်။

We Love Cele

admin