ညီမဖြစ်သူ ဝတ်မှုံရွှေရည်နဲ့ ပြည့်ပြည့်လေးကို ချစ်မဝဖြစ်နေတဲ့ ဖွေးဖွေး

Last modified date

မြန်မာနိုင်ငံရဲ့ထိပ်တန်း မင်းသမီးတွေဖြစ်ကြတဲ့ ဖွေးဖွေးနဲ့ ဝတ်မှုံရွှေရည်တို့ ညီအမနှစ်ဦးကတော့ အနုပညာမှာ ထူးချွန်လွန်းလို့ ပရိသတ်တွေရဲ့ချစ်ခင်အားပေးမှုကို အပြည့်အဝရရှိထားသူနှစ်ဦးပဲ ဖြစ်ပါတယ်။ လတ်တလောမှာတော့ မင်းသမီးချောလေး ဝတ်မှုံရွှေရည်က Asia Academy Creative Awards 2019 ပွဲကြီးကို ချစ်စရာသမီးလေး ပြည့်ပြည့်နဲ့အတူ ခမ်းခမ်းနားနား တက်ရောက်ခဲ့တာ တွေ့ရပါတယ်။ တိုင်းတစ်ပါးမှာ တောက်ပနေတဲ့ ညီမဖြစ်သူ ဝတ်မှုံရွှေရည်နဲ့ ပြည့်ပြည့်လေးကိုတော့ မင်းသမီးချောလေး ဖွေးဖွေးက အချစ်ပိုနေတဲ့အကြောင်း လူမှုကွန်ယက်မှာ ဝေမျှပေးထားတာ တွေ့ရပါတယ်။ ထိတ်ထိတ်ကြဲ အနုပညာရှင်တွေပေမယ့် တစ်ဦးကိုတစ်ဦး ချစ်ချစ်ခင်ခင်တွေ့ရတဲ့ ဖွေးဖွေးတို့ ညီအမနှစ်ဦးကတော့ အရမ်းကို ချစ်ဖို့ကောင်းလွန်းပါတယ်နော်။

ချစ်ပရိသတ်တွေအတွက် ချစ်ညီမလေး ဝတ်မှုံရွှေရည်နဲ့ ပြည့်ပြည့်လေးကို အချစ်ပိုနေတဲ့ ဖွေးဖွေးရဲ့အကြောင်းကို ဖော်ပြပေးလိုက်ပါတယ်နော်။

ဖွေးဖွေးကတော့ သူမရဲ့My Day မှာ ညီမဖြစ်သူ ဝတ်မှုံရွှေရည်နဲ့ ပြည့်ပြည့်လေးတို့ရဲ့ပုံကိုတင်ပြီး “Too cute both of you” ဆိုပြီး နှစ်ယောက်လုံး အရမ်းချစ်ဖို့ကောင်းနေတယ်လို့ လူမှုကွန်ယက်မှတစ်ဆင့် ထုတ်ဖော်ပြောပြလာတာပဲ ဖြစ်ပါတယ်။

ဖွေးဖွေးနဲ့ ဝတ်မှုံရွှေရည်တို့ ညီအမနှစ်ဦးကတော့ မကြာခဏဆိုသလို ပွဲတွေအတူတက်လေ့ရှိတာ တွေ့ရပြီး၊ ပရိသတ်တွေရဲ့အာရုံကို ဖမ်းစားထားနိုင်သူလေးတွေပဲ ဖြစ်ပါတယ်။ ဖွေးဖွေးတို့ ညီအမနှစ်ဦးရဲ့ပရိသတ်တွေကတော့ သူမတို့နှစ်ယောက် အတူ ရုပ်ရှင်ရိုက်ကူးဖို့ အရမ်းကို စောင့်မျှော်နေကြတာပါ။ ချစ်ပရိသတ်တွေလည်း တစ်ဦးကိုတစ်ဦး ဂုဏ်ယူနေတဲ့ ဖွေးဖွေးနဲ့ ဝတ်မှုံရွှေရည်တို့ ညီအမနှစ်ဦးကို ချစ်ရင် share သွားကြဖို့ မမေ့ပါနဲ့နော်။

Myint Myat
Source;Phway Phway’s Facebook

admin