ပင်လောင်းမှာမြေသွားဝယ်တာကို မြေပိုင်ရှင်ကအလကားပေးလိုက်လို့ အံ့သြခဲ့ရတဲ့ လွင်မိုး

Last modified date

အနုပညာကိုချစ်တဲ့စိတ်တစ်ခုတည်းနဲ့ ယနေ့ထိတိုင်အောင် ကြိုးစားပမ်းစားလုပ်ကိုင်နေသူကတော့ သရုပ်ဆောင် မင်းသားကြီးလွင်မိုးပါ။ သူဟာ ဆယ်စုနှစ်တွေများစွာတိုင်အောင် အောင်မြင်မှုတွေကို ထိန်းသိမ်းထားနိုင်သူတစ်ယောက်ပါ။ လက်ရှိမှာတော့ စီးပွားရေးလုပ်ငန်းတွေကို လုပ်ကိုင်နေရင်းနဲ့ ဇာတ်ကားတွေကိုလည်း အားရင်အားသလို ရိုက်ကူးနေသူပါ။

သူရဲ့မြေးလေးဟာလည်း အသက်ငယ်ငယ်လေးနဲ့ ပရိသတ်တွေရဲ့ ချစ်ခြင်းမေတ္တာတွေကို ရရှိထားတာပါ။ မြေးလေးကိုတော့ လွင်မိုးတို့ဇနီးမောင်နှံဟာ လက်ကမချနိုင်ရလောက်အောင်ကို ချစ်မဝဖြစ်နေတာပါ။ လတ်တလောမှာတော့ သမီးဖြစ်သူယွန်းဝတီလွင်မိုးတို့ဇနီးမောင်နှံနှစ်ယောက် မြန်မာနိုင်ငံကိုအလည်အပတ်ရောက်ရှိနေတာကြောင့် မြေးလေးနဲ့ခေတ္တခွဲကာ လွင်မိုးတို့ဇနီးမောင်နှံဟာ ခရီးတွေ ထွက်နေကြတာပါ။

အခုမှာလည်း လွင်မိုးရဲ့ လူမှုကွန်ယက်စာမျက်နှာမှာ ဓာတ်ပုံလေးတစ်ပုံတင်ထားတာပါ။ ဒါကတော့ ” ပင်လောင်းမှာမြေသွားဝယ်တာ
ပိုင်ရှင်ကအလကားပေးလိုက်တယ်….နှစ်ထုပ် ” ဆိုပြီး ဟာသအနေနဲ့ရေးသားထားတာပါ။ ချစ်ခင်ရတဲ့ မိတ်ဆွေကလည်း သူ့ရဲ့ဒီပို့စ်အောက်မှာ ဟာသလေးတွေနဲ့မှတ်ချက်ပေးရေးသားထားပါသေးတယ်။ ပရိသတ်ကြီးအတွက် ဒီသတင်းလေးကို တစ်ဆင့်ပြန်လည်ကူးယူတင်ဆက်ပေးလိုက်ပါတယ်။

Photo Credit – Lwin Moe’s Facebook

admin