ကိုယ်တိုင်သရုပ်ဆောင်ထားတဲ့ ဇာတ်ကားကိုကြည့်ပြီး အပြိုင်ငိုခဲ့ကြတဲ့ သက်မွန်မြင့်နဲ့ ရွှေသမီး

Last modified date

သရုပ်ဆောင် သက်မွန်မြင့်နဲ့ ရွှေသမီးတို့ နှစ်ယောက်က သူမတို့ ပါဝင်သရုပ်ဆောင်ထားတဲ့ ချည် ရုပ်ရှင်ဇာတ်ကားကြီးကိုကြည့်ပြီး အပြိုင်ငိုခဲ့ကြပါတယ်။

ချည်ရုပ်ရှင်ဇာတ်ကားကြီးမှာ သရုပ်ဆောင် နေတိုး၊ သက်မွန်မြင့်နဲ့ ရွှေသမီးတို့က အဓိက သရုပ်ဆောင်တွေဖြစ်ခဲ့ကြပါတယ်။ ဒီဇင်ဘာလ ၂၆ ရက်နေ့မှာစတင်ရုံတင်ပြသတော့မယ့် ချည်ရုပ်ရှင်ဇာတ်ကားကြီးရဲ့ Family Show ကို ပြုလုပ်ခဲ့တာဖြစ်ပါတယ်။

ဒီ Family Show ပွဲမှာတော့ အဓိက သရုပ်ဆောင်တွေဖြစ်တဲ့ သက်မွန်မြင့်နဲ့ ရွှေသမီးတို့က သူမတို့ သရုပ်ဆောင်ထားတာတွေကိုကြည့်ပြီး ပွဲအပြီးမှာတော့ နှစ်ယောက်သား အပြိုင်ငိုခဲ့ကြတာဖြစ်ပါတယ်။

သရုပ်ဆောင်သက်မွန်မြင့်ကလည်း သူကိုယ်တိုင်သရုပ်ဆောင်ထားပေမယ့် ကြည့်ပြီးချိန်မှာတော့ ရင်ထဲက ခံစားချက်တွေ မျက်ရည်အဖြစ် စီးကျလာခဲ့တယ်လို့ ဆိုပါတယ်။

သက်မွန်မြင့်နဲ့ ရွှေသမီးတို့အပြိုင်ငိုထားကြတဲ့ ချည်ရုပ်ရှင်ဇာတ်ကားကြီးကလည်း အရမ်းကိုစိတ်ဝင်စားစရာကောင်းနေပါပြီနော်။ ပရိသတ်တွေကိုလည်း မျက်ရည်ကျအောင် လုပ်နိုင်မလားဆိုတာတော့ ရုံတင်ရက်ကိုစောင့်ကြည့်ကြရမှာပါနော်။We Love Cele

Photos-ချည်

admin