“မိတ်ကပ် Artist မလေးနဲ့ ချစ်သူသက်တမ်း (၅)နှစ်ပြည့်သွားပြီဖြစ်တဲ့ ကိကိကျော်ဇော”

Last modified date

ဆယ်ကျော်သက်အရွယ်လောက်ကတည်းက ပရိသတ်တွေရဲ့ အချစ်တွေကို သိမ်းပိုက်ထားတဲ့ အဆိုတော်ပေါက်စလေး ကိကိကျော်ဇောကတော့ လက်ရှိအချိန်မှာ အတော်လေးကိုအောင်မြင်မှုတွေရရှိနေပြီလည်း ဖြစ်ပါတယ်။အထူးသဖြင့် (၁၀)ကျော်သက် ကောင်မလေးတွေရဲ့ သည်းသည်းလှုပ်အားပေးခြင်းကို ရရှိထားတာဖြစ်ပြီး အခုချိန်မှာတော့ ပညာရေးဘက်ကို အနည်းငယ် ဦးစားပေးဖြစ်နေတာကြောင့် အနုပညာပိုင်းမှာတော့ ခြေလှမ်းခပ်ကျဲကျဲသာလုပ်ဆောင်နေတာကိုလည်း တွေ့မြင်ရပါတယ်။

ကိကိကတော့ အဆိုတော် စိုင်းစိုင်းခမ်းလှိုင် နဲ့ တခြားလူငယ်အဆိုတော်တွေပါဝင်ဖွဲ့စည်းထားတဲ့ Frenzo အဖွဲ့ရဲ့ အဖွဲ့ဝင်တစ်ယောက်လည်း ဖြစ်ပါတယ်။ကိကိကတော့ မအားလပ်တဲ့ ကြားက အနုပညာအလုပ်တွေကို ဝါသနာပါလွန်းတာကြောင့် အခွင့်ရေးရရင်ရသလို အနုပညာအလုပ်တွေကိုလုပ်ကိုင်နေပြီး Frenzo အဖွဲ့ရဲ့ သီချင်းတစ်ပုဒ်ဖြစ်တဲ့ “ငါ့ရည်းစားက ပိုမိုက်တယ်”သီချင်းမှာလည်း ချစ်သူကောင်မလေးဖြစ်တဲ့ မိတ်ကပ် Artist မလေးရဲ့ အကြောင်းကိုလည်း ရေးစပ်ကာ ပါဝင်သီဆိုထားပါသေးတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာလ (၇)ရက်နေ့မှာတော့ ချစ်သူ မိတ်ကပ် Artist မလေးနဲ့ ချစ်သူသက်တမ်း (၅)နှစ်ပြည့်မြောက်သွားပြီဖြစ်တဲ့ အကြောင်းနဲ့ ပျော်ရွှင်စရာ နှစ်ပတ်လည်နေ့လေးဖြစ်တဲ့ အကြောင်းကို သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာထက်ကနေ ဖော်ပြထားပါတယ်။ပရိသတ်တွေကတော့ (၅)နှစ်ပြည့်ကနေနောင်နှစ်ပေါင်းများစွာတိုင်ရွှေလက်တွဲသွားနိုင်ဖို့ကို ဆုမွန်ကောင်းတွေတောင်းထားပေးကြပါသေးတယ်။ ပရိသတ်ကြီးတွေလည်း ကိကိတို့ ချစ်သူနှစ်ဦးအတွက်ကို ဆုမွန်ကောင်းလေးတွေတောင်းပေးသွားပါဦး။

Credit : Cele Gabar

admin