အာရှနိုင်ငံက အနုပညာရှင်တွေနဲ့ဆုံတွေ့ခဲ့ရတဲ့ အမှတ်တရကောင်းတွေကို မျှဝေလာတဲ့ ဝတ်မှုံရွှေရည်

Last modified date

ပရိသတ်တွေ အမြဲတမ်း ဂုဏ်ယူနေရအောင် ကြိုးစားတဲ့ မင်းသမီးလေး ဝတ်မှုံရွှေရည်က အခုဆိုရင် ပြည်ပနိုင်ငံက အနုပညာရှင်တွေ၊ ပရိသတ်တွေကြားမှာပါ နာမည်ရနေသူလေး ဖြစ်ပါတယ်။ ဝတ်မှုံရွှေရည်က နောက်ပိုင်းမှာတော့ အကယ်ဒမီရနိုင်တဲ့ ရုပ်ရှင်ဇာတ်ကားတွေထက် သူမအတွက် မှတ်တိုင်သစ်တစ်ခု ထူထောင်နိုင်ပြီး ပရိသတ်အတွက်ပါ ကြည့်ရကျိုးနပ်မယ့် ရုပ်ရှင်ဇာတ်ကားတွေကိုသာ ရွေးချယ်ရိုက်ကူးနေတာကို တွေ့ရပါတယ်။

ဝတ်မှုံရွှေရည်က ပြီးခဲ့တဲ့ရက်ပိုင်းက စင်္ကာပူနိုင်ငံမှာ ကျင်းပပြုလုပ်တဲ့ Asian Academy Creative Award 2019 ပွဲကြီးကို တက်ရောက်ခဲ့ပါတယ်။ ဝတ်မှုံရွှေရည်က Asian Academy Creative Award မှာ အကောင်းဆုံးအမျိုးသမီးဇာတ်ဆောင်ဆုမှာ လိပ်ပြာစံအိမ် ရုပ်ရှင်ဇာတ်ကားနဲ့ ဆန်ကာတင်စာရင်းဝင်ခဲ့တာ ဖြစ်ပါတယ်။

ဝတ်မှုံရွှေရည်က သူမရဲ့ Asian Academy Creative Award ပွဲတက် အမှတ်တရတွေကို “ကစ် ရဲ့ အနုပညာသက်တမ်း မှာနောက်ထပ် အမှတ်တရ လေးတခု အတွေ့အကြုံ သစ်လေးတွေကို ဒီ Asian Academy Creative Award ပွဲကြီးကိုတက်ရင်းနဲ့ ရရှိခဲ့ပါတယ်။”

“အာရှနိုင်ငံအသီးသီးက အနုပညာရှင်တွေ အတတ်ပညာရှင် တွေ တွေ့ကြဆုံကြရင်း ဗဟုသုတတွေ ကိုယ့်နိုင်ငံက ရုပ်ရှင်လောကအကြောင်း ကိုယ် nomination ဝင်တဲ့ ကားတွေမှာ ဘယ်လို ကြိုးစား ခဲ့ရ ခက်ခက်ခဲခဲ ရိုက်ကူးခဲ့ရတာတွေကို တဦးစီ Panel Dicussion Session လေးပြုလုပ် ဖလှယ်ကြရင်းနဲ့ ပျော်စရာအတွေ့အကြုံသစ်တွေအများကြီးနဲ့ နေ့လေးတစ်နေ့ပါပဲ။” ဆိုပြီး ပြောပြထားပါတယ်။

ဝတ်မှုံရွှေရည်က အာရှနိုင်ငံက အနုပညာရှင်တွေကြားမှာ ထင်ရှားစွာလှနေတာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း နိုင်ငံ့ဂုဏ်ဆောင်မင်းသမီးလေး ဝတ်မှုံရွှေရည်ရဲ့ ပုံရိပ်တွေကို သဘောကျကြမယ် ထင်ပါတယ်နော်။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်။

မိုမိုလေး

admin