သူမရဲ့သားသမီးတွေကို တစ်လှည့်စီ ချီပိုးပြီး လမ်းလျှောက်ထွက်နေတဲ့ ခိုင်နှင်းဝေ

Last modified date

လိုအပ်တဲ့နေရာတွေမှာ အရှေ့ဆုံးကနေ ရပ်တည်ကူညီပြီး အများကောင်းကျိုးကို ကြည့်တတ်လွန်းလို့ ပရိသတ်တွေက ပရဟိတ မင်းသမီးကြီးလို့တောင်တင်စားခေါ်ဝေါ်ကြတဲ့ သရုပ်ဆောင်ခိုင်နှင်းဝေကတော့ သူမရဲ့ မွန်မြတ်တဲ့စိတ်ထားလေးကြောင့်ပရိသတ်တွေ လေးစား ချစ်ခင်ကြသူတစ်ဦးပဲ ဖြစ်ပါတယ်။ ခိုင်နှင်းဝေကတော့ လက်ရှိမှာ မိဘမဲ့ကလေးတွေကိုလည်း သူမကိုယ်တိုင်မိခင်အဖြစ်ခံယူပြီးမွေးစားနေတာဖြစ်ပြီး သူမရဲ့ သားသမီးတွေနဲ့ အေးချမ်းတဲ့ ဘဝလေးကို ဖြတ်သန်းနေတာပဲ ဖြစ်ပါတယ်။ ဒီနေ့လေးမှာတော့ ခိုင်နှင်းဝေက သူမရဲ့သားသမီးတွေကို တစ်လှည့်စီ ချီပိုးပြီး လမ်းလျှောက်ထွက်နေတဲ့အကြောင်းကို လူမှုကွန်ယက်မှာ ဝေမျှပေးထားတာ တွေ့ရပါတယ်။

ချစ်ပရိသတ်တွေအတွက် အရမ်းကို ကြည်နူးဖို့ကောင်းတဲ့ ခိုင်နှင်းဝေတို့ သားအမိတွေရဲ့ပုံရိပ်တွေကို ဖော်ပြပေးလိုက်ပါတယ်နော်။

ခိုင်နှင်းဝေကတော့ “ဒီနေ့ဂေဟာမှာဘုရားကျောင်းဆောင်အသစ်ဝယ်ပြီးပူဇော်ပါတယ်ရှင်🙏🏼🙏🏼🙏🏼 ဘုရားဝေယျာဝစ္စပြုလုပ်ပြီး ဆောင်းတွင်းလေအေးလေးတွေလဲတိုက်တယ်,နေလဲရိပ်တာနဲ့ သားသမီးတွေကိုတလှည့်စီ ချီပိုးပြီး လမ်းလျှောက်ထွက်ဖြစ်ပါတယ်…ဂေဟာထဲမှာပဲနေရတော့ အပြင်ထွက်တာနဲ့ကလေးတွေကအရမ်းပျော်တာဟိုကြည့်ဒီကြည့်နဲ့ အထူးအဆန်းတြွေဖစ်နေတာလေ…ရတဲ့အချိန်လေးမှာသူတို့လေးတွေကို ပတ်ဝန်းကျင်နဲ့ထိတွေ့စေပြီး လူ့လောကထဲကျင်လည်တတ်စေဖို့ အခုကစပြီး နည်းနည်းချင်းသင်ကြားပေးသွားပါမယ်…ကလေးတို့ရဲ့မေမေ ခိုင်နှင်းဝေ” ဆိုပြီး သူမရဲ့သားသမီးတွေကို ပတ်ဝန်းကျင်နဲ့ ထိတွေ့စေပြီး လူ့လောကထဲ ကျင်လည်တတ်စေဖို့ သင်ပေးသွားမယ့်အကြောင်း လူမှုကွန်ယက်မှာ ဝေမျှပေးထားတာပါ။

ကလေးတွေကို အရှေ့တစ်ယောက် အနောက်တစ်ယောက် ချီပိုးပြီး လမ်းလျှောက်ထွက်ရင်း ပျော်နေတဲ့ မေမေ ခိုင်နှင်းဝေ…။

ခိုင်နှင်းဝေကတော့ သူမမွေးစားထားတဲ့ သားသမီးတွေကို တကယ့်ရင်သွေးအရင်းအချာလိုစောင့်ရှောက်နေသူတစ်ဦးပါ။ မွန်မြတ်တဲ့မေတ္တာတရားတွေ ပြည့်နှက်နေတဲ့ ခိုင်နှင်းဝေကတော့ သူမကိုယ်တိုင် ဉီးဆောင်ပြီး လုပ်ကိုင်နေတဲ့ ပရဟိတလုပ်ငန်းတွေအတွက်”ခိုင်နှင်းဝေ ပရဟိတလူငယ်များအသင်း”ကို တည်ထောင်ထားတာပဲ ဖြစ်ပါတယ်။ ချစ်ပရိသတ်တွေလည်းအရမ်းကို စိတ်ထားမွန်မြတ်တဲ့ ခိုင်နှင်းဝေကို ချစ်ရင်Share သွားခဲ့ကြပါဦးနော်။

Myint Myat
Source:Khine Hnin Wai’s Facebook

admin