ရိုက်ကွင်းကိုလာကြည့်တဲ့ ပရိသတ်တွေကို ဖော်ရွေစွာနဲ့ဓာတ်ပုံအတူအရိုက်ခံနေတဲ့ ပိုင်တံခွန်ရဲ့ Video လေး

Last modified date

လတ်တလောမှာတော့ နှုတ်ခမ်းနီမလေးတွေရဲ့ တစ်ခဲနက်ဝန်းရံအားပေးခြင်းကို ရရှိထားသူကတော့ မင်းသားချောလေး ပိုင်တံခွန်ပါ။ သူဟာ မြန်မာနိုင်ငံက မိန်းကလေးပရိသတ်များသာမကပဲ ထိုင်နိုင်ငံ ကောင်မလေးတွေပါ အားပေးနေရတာပါ။ သူ့ရဲ့ အောင်မြင်မှုတွေကိုကြည့်ပြီး ဝါရင့် အနုပညာရှင်များကပါ ချီးကျူးနေရတာပါ။

အခုမှာလည်း ရန်ကုန်နဲ့ထိုင်းနိုင်ငံကိုပတ်ပြီး အနုပညာလှုပ်ရှားမှုတွေကို လုပ်ဆောင်နေတာပါ။ ပိုင်တံခွန်ဟာ အနုပညာလမ်းကြောင်းပေါ်မှာ တစ်စထက်တစ်စ နာမည်ကျော်ကြားလူကြိုက်များလာတဲ့ အပြင် လူမှုကွန်ယက်ပေါ်မှာလည်း ပရိတ်သတ်တွေနဲ့တရင်းတနှီးရှိတာကြောင့် ပရိတ်သတ်တွေရင်ထဲက အားပေးမှုကို ရရှိထားတာပါ။ သူ့ရဲ့အနုပညာလှုပ်ရှားမှုတွေကိုလည်း လူမှုကွန်ယက်များမှတစ်ဆင့် ပရိသတ်ကြီးကိုအမြဲဝေမျှပေးနေတာပါ။

အခုမှာလည်း မုံရွာကို အလုပ်ကိစ္စနဲ့ရောက်ရှိနေတာပါ။ သူ့ရဲ့ Instagram Stories တွင်လည်း ဗီဒီယိုလေးတွေ တင်ထားတာပါ။ ဒါကတော့ရိုက်ကွင်းကိုလာကြည့်တဲ့ ပရိသတ်တွေကို ဖော်ရွေစွာနဲ့ဓာတ်ပုံအတူအရိုက်ခံနေတဲ့ ပိုင်တံခွန်ရဲ့ Video လေးပါ။ ပရိသတ်တွေအတွက်ပိုင်တံခွန်ရဲ့ ဗီဒီယိုလေးကို ပြန်လည်ကူးယူတင်ဆက်ပေးလိုက်ပါတယ်။

Source and Photo Credit – Paing Takhon’s Instgram Stories

admin