ကျောင်း X’mas ပွဲတော်မှာ သီချင်းဆိုဖို့ နှစ်ယောက်တည်း ရီဟာဇယ်လုပ်နေကြတဲ့ ခေတ်နဲ့သစ်

Last modified date

ချစ်သုဝေနဲ့ လင်းလင်းတို့က အနုပညာလောကမှာ အောင်မြင်မှုတွေကိုယ်စီရရှိနေပြီး နာမည်ရပြီးသားသူတွေပဲ ဖြစ်ပါတယ်။ ချစ်သုဝေနဲ့ လင်းလင်းက သူတို့ရဲ့ အနုပညာကြောင့်တွေသာမကပဲ သူတို့ရဲ့ ချစ်စရာကောင်းတဲ့ သမီးလေးနှစ်ယောက်ဖြစ်တဲ့ ခေတ်နဲ့သစ်ကြောင့်လည်း မျက်နှာပွင့်တဲ့ မိဘနှစ်ပါးဖြစ်ပါတယ်။ ခေတ်နဲ့သစ်ကလည်း တစ်နေ့တစ်ခြား ချစ်စရာကောင်းလာပြီး စကားတွေတတ်လာတာကြောင့် ပရိသတ်တွေက မချစ်ပဲနဲ့ကို မနေနိုင်ကြပါဘူး။

ခေတ်နဲ့သစ်က အခုဆိုရင် သုံးနှစ်နီးပါးအရွယ်ကို ရောက်နေပြီဖြစ်ပြီး အရင်ကထက်လည်း စကားတွေ တတ်နေကြပြီပဲ ဖြစ်ပါတယ်။ ဒီတစ်ခေါက်မှာတော့ ခေတ်နဲ့သစ်က သူမတို့ရဲ့ကျောင်းက ခရစ်စမတ်ပွဲတော်မှာ သီချင်းဆိုဖျော်ဖြေဖို့ သီချင်းတိုက်နေကြတာကို တွေ့ရပါတယ်။

ကျောင်းခရစ်စမတ်ပွဲတော်က မနက်ဖြန်မှ ကျင်းပမှာဆိုပေမယ့် ခေတ်နဲ့သစ်ကတော့ သီချင်းတွေဆို၊ အိုက်တင်တွေလုပ်ရင်း ရီဟာဇယ်ကြိုလုပ်နေတာကို ချစ်စရာကောင်းစွာ တွေ့ရပါတယ်။

ခေတ်နဲ့သစ်တို့ အမြွှာညီအစ်မက ငယ်စဉ်ကတည်းက အားလုံးရဲ့ အချစ်တွေကို ပိုင်ဆိုင်ရရှိထားပြီး အခုဆိုရင် ကြော်ငြာတွေကိုပါ ရိုက်ကူးရတဲ့အထိ လူချစ်လူခင်ပေါများတာပဲ ဖြစ်ပါတယ်။

ခေတ်လေးနဲ့ သစ်လေးကတော့ ကျောင်းက ခရစ်စမတ်ပွဲတော်ကြီးမှာ ပါဝင်ဆင်နွှဲဖို့ ရင်ခုန်နေကြပုံပဲနော်။ ပရိသတ်ကြီးလည်း ခေတ်နဲ့သစ်ရဲ့ ချစ်စရာကောင်းတဲ့ ပုံရိပ်တွေကို သဘောကျကြမယ် ထင်ပါတယ်။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို ကျေးဇူုးအထူးတင်ရှိပါတယ်။

Rowena
Source: Chit Thu Wai’s fb

admin