လူမှုကွန်ယက်မှာနာမည်ကြီးသွားခဲ့တဲ့ အနုပညာကြေးပြဿနာက နားလည်မှုလွဲသွားခဲ့တာပါဆိုတဲ့ ကေသီဝင်းနဲ့ မာမာနိုင်

Last modified date

လွန်ခဲ့တဲ့လပိုင်းက ဖြစ်ပျက်ခဲ့တဲ့ မန္တလေးမှ Tik Tok Cele နှစ်ဦး ရန်ကုန်ကို ရုပ်ရှင်ဇာတ်ကားမှာ သရုပ်ဆောင်ဖို့ရောက်လာပြီးမှ အနုပညာကြေး (၅) သောင်းသာရရှိခဲ့တယ်ဆိုတဲ့ ကိစ္စကို အားလုံးသိကြမှာ ဖြစ်မှာပါ။ Tik Tok Cele နှစ်ဦးဖြစ်တဲ့ မမာမာနိုင်နဲ့ မကေသီဝင်းတို့က ရှိစုမဲ့စုလေးတွေ ပေါင်နှံရောင်းချပြီး ရန်ကုန်ကိုတက်လာခဲ့ပေမယ့် အနုပညာကြေး (၅) သောင်းစီသာရရှိခဲ့တယ်လို့ မီဒီယာမှာ ဖြေကြားခဲ့တာ ဖြစ်ပါတယ်။

ဒီကနေ့ ဒီဇင်ဘာလ (၁၀) ရက်နေ့မှာတော့ Tik Tok Cele နှစ်ဦးဖြစ်တဲ့ မမာမာနိုင်၊ါ် မကေသီဝင်းတို့နဲ့ ရောသမမွှေဇာတ်ကားတာဝန်ရှိသူများ စာနယ်ဇင်းရှင်းလင်းပွဲကို ရန်ကုန်မြို့ orchid hotel မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။

အွန်လိုင်းပေါ်တွင် ပျံ့နှံ့နေသလို Kaung Kin Tik Tok Cele နှစ်ဦးဖြစ်တဲ့ မာမာနိုင်နှင့်ကေသီဝင်းပါသော ဇာတ်ကွက်များကို ဖြုတ်ချခြင်းမရှိဘဲ ရောသမမွှေဇာတ်ကားမှာ ထည့်သွင်းသွားမှာဖြစ်ကြောင်း ရုပ်ရှင်တာဝန်ရှိသူတွေက ပြောကြားခဲ့ပါတယ်။

ရောသမမွှေဇာတ်ကားမှ တာဝန်ရှိသူများမှ Tik Tok Cele နှစ်ဦးကို အနုပညာကြေးမဟုတ်ဘဲ မေတ္တာကြေးသီးသန့်အဖြစ် ရွာမှာ စီးပွားရေးထူထောင်ဖို့ ၁၀ သိန်းထက်မနည်းတဲ့ မေတ္တာငွေပံ့ပိုးသွားမှာဖြစ်ကြောင်း အစရှိသည်တို့ကို ပြောကြားသွားပါတယ်။

Tik Tok Cele နှစ်ဦးဖြစ်တဲ့ မမာမာနိုင်၊ မကေသီဝင်းတို့မှလည်း နားလည်မှုလွဲသွားတာဖြစ်ကြောင်း နှင့် ရိုက်ကွင်းမှာပျော်ခဲ့ရတဲ့အကြောင်းများလည်း ပြောကြားသွားခဲ့ပါတယ်။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်။

Rowena
Source: Momolay TV

admin