ကွယ်လွန်သွားတဲ့ အချစ်ဆုံးမောင်လေးကိုရည်စူးပြီး ခိုင်နှင်းဝေဂေဟာမှာ လှူဒါန်းခဲ့တဲ့ မိုးဟေကို

Last modified date

သရုပ်ဆောင် မိုးဟေကိုက ကွယ်လွန်သွားတာ (၆) နှစ်ပြည့်ခဲ့ပြီဖြစ်တဲ့ မောင်အငယ်ဆုံးလေးအတွက် ရည်စူးပြီး ခိုင်နှင်းဝေဂေဟာမှာ အလှူအတန်းပြုလုပ်ပေးခဲ့ပါတယ်။

မိုးဟေကိုရဲ့ အငယ်ဆုံးမောင်လေး မောင်ဘုန်းမြင့်ကျော်ဟာ သူမလိုပဲ သရုပ်ဆောင်တစ်ဦးဖြစ်ခဲ့ပါတယ်။ လင်းအိမ်သစ်အမည်နဲ့ အနုပညာလှုပ်ရှားမှုတွေကို ပြုလုပ်ခဲ့တဲ့ သူဟာ ဗီစီဒီနှင့် ဒီဗီဒီ သီချင်းခွေတွေမှာ ပါဝင်သရုပ်ဆောင်ခဲ့ပါသေးတယ်။ ၂၀၁၃ ခုနှစ် ဒီဇင်ဘာလ ၆ ရက်နေ့မှာ အက်ဆီးဒင့်တစ်ခုကြောင့် ရန်ကုန်ဆေးရုံကြီးတွင်တင်ထားရာမှ ဒီဇင်ဘာလ ၇ ရက်နေ့ မနက် ၃နာရီခွဲမှာ ဘဝတစ်ပါးသို့ကူးပြောင်းကွယ်လွန်သွားခဲ့တာဖြစ်ပါတယ်။

ယခုဆိုရင်တော့ မိုးဟေကိုရဲ့ မောင်လေး ဘုန်းမြင့်ကျော်ဆုံးပါးသွားတာ (၆) နှစ်ကြာခဲ့ပြီပဲဖြစ်ပါတယ်။ မိုးဟေကိုက သူမရဲ့ မောင်လေးကိုရည်စူးပြီး ခိုင်နှင်းဝေရဲ့ ရင်သွေးလေးများဂေဟာမှာ ငွေကျပ် (၅) သိန်းလှူဒါန်းခဲ့ပါတယ်။ မိုးဟေကိုရဲ့ လှူဒါန်းမှုအတွက် ခိုင်နှင်းဝေက ယခုလိုပဲ တောင်းဆုပြုထားပေးတာဖြစ်ပါတယ်။

“ယနေ့ 7.12.2019 (Sat) တွင် မောင်လေး မောင်ဘုန်းမြင့်ကျော် လွမ်းဆွတ်ခြင်း 6နှစ်ပြည့် အားရည်စူးပြီး သရုပ်ဆောင် မိုးဟေကို နှင့်မိသားစု မှ ကျမရဲ့ ခိုင်နှင်းဝေ ရင်သွေးလေးများဂေဟာ မှ ကလေးငယ်များသို့ အလှူငွေကျပ် 5သိန်းတိတိ လှူဒါန်း ခဲ့ပါတယ်ရှင်
🙏🙏🙏 မောင်လေး မောင်ဘုန်းမြင့်ကျော် ရောက်ရာ ဘုံဘဝမှ သာဓုခေါ်ဆိုနိုင်ပြီး နောက်သံသရာဘဝများမှာလည်း ယခုလို အဖြစ်ဆိုးနှင့် မကြုံ ပါစေနဲ့လို့ ကျမနှင့် ရင်သွေးငယ်လေး များမှ ဆုတောင်းမေတ္တာပို့သပါတယ်ရှင်”

ဆုံးပါးသွားတဲ့ မောင်လေး ဘုန်းမြင့်ကျော်ကိုရည်စူးပြီး လှူဒါန်းရတဲ့အတွက် ကောင်းရာဘုံဘဝကိုရောက်ရှိနိုင်ပါစေလို့ ပရိသတ်တွေနဲ့ ထပ်တူ ဆုတောင်းမေတ္တာပြုလိုက်ရပါတယ်။

We Love Cele

admin