ချစ်ရတဲ့ဇနီးမေသူအတွက် မွေးနေ့လက်ဆောင်အဖြစ် လီလီပန်းခင်းကြီးတစ်ခင်းပျိုးပေးလိုက်တဲ့လွင်မိုး

Last modified date

ဝါရင့်သရုပ်ဆောင် မင်းသားကြီးလွင်မိုးကတော့ အနုပညာရှင်တွေနဲ့ ပရိသတ်တွေအားလုံးကပါ လေးစားချစ်ခင်ရသူတစ်ယောက် ဖြစ်ပါတယ်။ လူပျိုပေါက်အရွယ်ကတည်းက အနုပညာလောကမှာကျင်လည်ခဲ့တဲ့ လွင်မိုးက မြေးလေးရရှိသွားတဲ့အချိန်မှာတော့ အနုပညာအလုပ်တွေကို ရပ်နားထားခဲ့ပြီပဲ ဖြစ်ပါတယ်။ လွင်မိုးက ချစ်ရတဲ့ဇနီး၊ သမီးချောလေးတွေအပြင် မြေးလေးနဲ့ပါ ပျော်ရွှင်ဖွယ်ကောင်းတဲ့မိသားစုဘဝလေးတစ်ခုကို ရရှိထားတာ ဖြစ်ပါတယ်။

လက်ရှိမှာလွင်မိုးက ခရီးတွေထွက်နေသလို မိသားစုစီးပွားရေးလုပ်ငန်းဖြစ်တဲ့ “The Florist by yun – Flower shop” ကိုလည်းဦးစီးလုပ်ကိုင်နေပါတယ်။ ဒီနေ့ဒီဇင်ဘာလ (၁၀) ရက်နေ့ကတော့ လွင်မိုးရဲ့ချစ်ရတဲ့ဇနီးချောလေး မေသူရဲ့မွေးနေ့ရက်မြတ်လေးပဲ ဖြစ်ပါတယ်။ ယခုကျရောက်တဲ့ချစ်ဇနီးလေးရဲ့မွေးနေ့မှာ လွင်မိုးက မေသူ့အတွက် လီလီပန်းခင်းကြီးတစ်ခင်းပျိုးပေးထားတယ်ဆိုပြီး တင်လိုက်ပါတယ်။

လွင်မိုးက သူများနဲ့မတူဘဲ ထူးခြားတဲ့မွေးနေ့လက်ဆောင်လေးနဲ့ ချစ်ဇနီးလေးကို ပျော်ရွှင်အောင်ပြုလုပ်ပေးထားတာ ဖြစ်ပါတယ်။ လွင်မိုးက မွေးနေ့ရှင်အိမ်သူသက်ထားရဲ့ပုံလေးနဲ့အတူ ” happy Birthday Daw May Thu Lay ပန်းတစ်ခင်းပျိုးပေးထားတယ်နော် ” ဆိုပြီး တင်ထားတာဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် လွင်မိုးတို့ဇနီးမောင်နှံရဲ့ကြည်နူးစရာပုံရိပ်လေးတွေကိုလည်း ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Photo Credit-Lwin Moe’s FB

admin