“စုတ်စုတ်ပြတ်ပြတ်နေလွန်းတာကြောင့် မိခင်ဖြစ်သူရဲ့ ဆူတာခံလိုက်ရတဲ့ ပိုင်ဖြိုးသု”

Last modified date

ပိုင်ဖြိုးသုကတော့ လက်ရှိအောင်မြင်မှုလမ်းကြောင်းပေါ်က အထွန်းတောက်ဆုံးကြယ်တစ်ပွင့်လို့ ဆိုရမှာပါ။ လက်ရှိရုံတင်နေတဲ့ ဇာတ်ကားကြီးတွေမှာလည်း ပိုင်ဖြိုးသုမပါရင် မပြီးအောင်ကို ရုံတင်ကားတွေဆက်တိုက်ဆိုသလို ဖြစ်နေတာပါ။ ကျရာဇာတ်ကောင်တိုင်းကို လိုက်ပါစီးမျောပြီးခံစားနိုင်တာကြောင့် သရဲမ၊ဘီလူးမနှင့်မိန်းမပျို(3 Girls) ရုပ်ရှင်ဇာတ်ကားကြီးနဲ့ အကယ်ဒမီဆုရရှိခဲ့တာဖြစ်ပါတယ်။

မင်းသမီးတစ်ယောက်ဖြစ်ပေမယ့် အမြဲတစေလှပနေအောင် နေလေ့မရှိဘဲ ပေါ့ပါ့ပါးပါးအများသူငါအတိုင်း နေလေ့ရှိတာကလည်း ပိုင်ဖြိုးသုရဲ့ပင်ကိုယ်စတိုင်တစ်ခုပါ။ မင်းသမီးတစ်ယောက်လို မနေတတ်လွန်းတာကြောင့် အပြင်ကိုမိခင်နဲ့အတူသွားတဲ့အခါ မိခင်ဖြစ်သူက “လူနဲ့သူနဲ့တူအောင် ဝတ်စားပြင်ဆင်ပြီးလိုက်နော်။အထီးမှန်းမသိ အမမှန်းမသိ ဂျင်းဘောင်းဘီအစုတ်နဲ့ မျက်နှာပြောင်နဲ့မလိုက်နဲ့…ငါရှက်တယ်” လို့အပြောခံခဲ့ရကြောင်းကို ပရိသတ်တွေကို ပျော်စေချင်လို့ ပြန်လည်ဖောက်သည်ချပြောပြခဲ့တာဖြစ်ပါတယ်။

ပိုင်ဖြိုးသုကတော့ မိခင်ရဲ့ပြောစကားအတိုင်း လှလှပပလေးပြင်လိုက်တာ(၂)နာရီလောက်ကြာသွားတာမို့ ကားပေါ်ကဓာတ်ပုံလေးတစ်ခုနဲ့အတူ “(၂) နာရီပြီးနောက် ကားပေါ်တွင်..လှတပတ သုသုမဘေးတွင်ပွစိပွစိဆူပူကြိမ်းမောင်းနေသော မာတာမိခင်ကို တစ်ချက်ရှိုး…သူပဲ လူလူသူသူလိုက်ခဲ့ဖို့ပြောလို့ အလှပြင်တာ…မဆိုစလောက်(၂)နာရီလောက်လေးပဲကြာတာ သုသုလွန်သလားလို့” ဆိုပြီးအရွှန်းဖောက်ရေးသားခဲ့တာဖြစ်ပါတယ်။ သုသုကတော့ အခုတလော ခင်ပွန်းကိုဆိုးလိုက် မိခင်ကိုဆိုးလိုက်နဲ့ ဖေ့ဘွတ်ခ်မှာ ချစ်စဖွယ်စာလေးတွေတင်ကာ ပရိသတ်ကိုအချစ်ပိုစေတာပဲဖြစ်ပါတယ်။

Source – Paing Phyoe Thu
Rainbow- Cele Gabar

admin