ယောကျာ်းလေးပရိသတ်တွေ သည်းသည်းလှုပ် အားပေးခံနေရတဲ့ အနုပညာမျိုးဆက်သစ် (၅) ဦး

Last modified date

(၁) ဝါရွှေနွယ်သွေး

ပရိသတ်ကြီးရေ ဝါရွှေနွယ်သွေးကတော့ လတ်တလောမှာ ပရိသတ်တွေပါးစပ်ဖျားမှာ ရေပန်းအစားဆုံး သူတွေထဲကတစ်ယောက်ပါပဲနော်။ တစ်နိုင်ငံလုံးရဲ့ အချစ်တော် မင်းသမီးကြီး ဝါဝါဝင်းရွေရဲ့မြေးအကြီးမလေးပဲ ဖြစ်ပါတယ်။အေးဆေးတည်ငြိမ်တဲ့ အပြုံးလေးတွေနဲက အမျိုးသားထုကြီးကို ဖမ်းစားထားနိုင်သူလေးဖြစ်တဲ့အပြင် အနုပညာခြေလှမ်းသစ်တွေစတင်လုပ်ဆောင်နေပြီပဲ ဖြစ်ပါတယ်။ဝါသနာကတော့ သရုပ်ဆောင်အပြင် စာရေးဆရာမဖြစ်ချင်ပြီး အခုလက်ရှိမှာလည်း ” ရှင်ဥပဂုတ္တ ” ရုပ်ရှင်ဇာတ်ကားကြီး မှာ ပါဝင်ထားတယ်လို့ သိရပါတယ်။ ဝါရွှေနွယ်သွေးလေးကတော့ လတ်တလော အမျိုးသားပရိသတ်တွေ ပါးစပ်ဖျားမှာရေပန်းစားနေတဲ့သူတွေ ထဲက တစ်ယောက်ပါနော်။

(၂) ဝင်းဝါပန်းမြတ်သူ

လက်ရှိမှာ အမျိုးသားထုကြီး တစ်ခုလုံးကို လှုပ်လှုပ်ရှားရှားဖြစ်သွားစေသူလေးကတော့ နိုင်ငံကျော်မင်းသမီးကြီး ဝါဝါဝင်းရွှေရဲ့ မြေးအငယ်ဆုံးမလေး ဝင်းဝါပန်းမြတ်သူလေးပဲ ဖြစ်ပါတယ်။အခုလက်ရှိမှာ အနုပညာအလုပ်တွေကို မလုပ်သေးဘဲ ပညာရေးကို ဦးစားပေးနေပေမယ့် အဘွားရဲ့ အနုပညာအမွေကို လက်ခံကာ မင်းသမီးလုပ်မှာပါလို့ ဖြေကြားလာတာပဲ ဖြစ်ပါတယ်။ ဆယ်ကျော်သက်အမျိုးသားတွေသာမက အမျိုးသားထုကြီးတစ်ရပ်လုံးရဲ့ အသည်းကျော်လေးလို့ပဲ တင်စားချင်ပါတယ်နော်။

(၃) ပန်းရောင်ခြယ်

ပန်းရောင်ခြယ်လေးကတော့ အထူးတလည်မိတ်ဆက်ပေးစရာမလိုတဲ့ သူတစ်ယောက်ပါပဲနော်။နိုင်ငံကျော် အဆိုတော်ကြီး ဂရေဟမ်ရဲ့ အမွေကိုဆက်ခံထားတဲ့ အနုပညာမျိုးဆက်သစ်လေးဖြစ်ပြီး ကိုကိုတွေမောင်မောင်တွေရဲ့ အချစ်တွေကိုပိုင်ဆိုင်ထားတဲ့ သူလေးပါပဲနော်။သူမရဲ့ပါရမီကတော့ အဆိုသာမက သရုပ်ဆောင်ဘက်ကိုပါ ဝါသနာပါတာကြောင့် ဇာတ်လမ်းတွဲတွေပါ ရိုက်ကူးနေပြီပဲ ဖြစ်ပါတယ်။ နယ်ပွဲတွေပဲသွားသွား ရန်ကုန်ပွဲတွေပဲသွားသွား အမျိုးသားထုကြီးကတော့ ပန်းရောင်လေးကတော့ အမျိုးသားထုကြီးရဲ့ အားပေးဝန်းရံမှုကို ထိပ်ဆုံးကရရှိနေသူလေးထဲကတစ်ယောက်လို့ဆိုရမှာပါ။

(၄) သဇင်ထူးမြင့်

သဇင်ထူးမြင့် ကတော့ (၂၀၁၈) အကယ်ဒမီရွှေကြိုကနေ ပရိသတ်တွေ စတင်သတိထားမိလာတာ ဖြစ်တဲ့အပြင် ဒါရိုက်တာလဲဖြစ် ဟာသဇာတ်ပို့သရုပ်ဆောင်တစ်ယောက်လည်း ဖြစ်တဲ့ ခင်လှိုင်ရဲ့ အထွေးဆုံးသမီးလေးပဲ ဖြစ်ပါတယ်။ ချစ်စရာကောင်းပြီး အေးဆေးတည်ငြိမ်လွန်းတဲ့ သူမရဲ့ဟန်ပန်လေးကြောင့် အမျိုးသားထုကြီး ရင်ကိုလှုပ်ခတ်စေခဲ့တဲ့အပြင် သူမကိုယ်သူမ ” သဲ ” ဆိုတဲ့ အသုံးအနှုန်းလေးကြောင့် အမျိုးသားပရိသတ်တွေ ပိုပြီး အချစ်ပိုစေခဲ့တာ ဆိုလည်း မမှားပါဘူးနော်။အမျိုးသားထုကြီးရဲကအားပေးကြမ်းချက်ကြီးကတော့ ခင်လှိုင်ရဲ့ လူမှုကွန်ရက်စာမျက်နှာမှာတောင် ယောက္ခမကြီလို့ အခေါ်ခံရလောက်တဲ့ထိပါပဲနော်။

(၅)ထင်သစ္စာ

ပရိသတ်ကြီးရေ ထင်သစ္စာကတော့ ဆယ်ကျော်သက် အမျိုးသားပရိသတ်တွေကြားမှာ ရေပန်းစားနေတဲ့ အနုပညာမျိုးဆက်သစ်လေးပဲ ဖြစ်ပါတယ်။ ဝါရင့် အကယ်ဒမီသရုပ်ဆောင်မင်းသမီးကြီး ခင်ဇာခြည်ကျော်ရဲ့ သမီးလေးပဲ ဖြစ်တဲ့အပြင် အခုချိန်မှာ အနုပညာခြေလှမ်းတွေစတင်နေပြီလို့ဆိုရမှာပါ။အနုအညာပွဲတွေကိုလည်း အမေဖြစ်သူခင်ဇာခြည်ကျော်နဲ့ တက်ရောက်နေပြီး အမျိုးသားပရိသတ်တွေက သူမရဲ့စကားပြောပုံလေးတွေကို သဘောကျကာ နန်းဆန်လွန်းတဲ့ ဆံကေသာ အရှည်ကြီးကို ပိုင်ဆိုင်ထားသေးတာကြောင့်လည်း ကိုကိုတွေသဘောကျတဲ့ အနုပညာမျိုးဆက်သစ်လေးတစ်ယောက်လို့ ဆိုရမှာပါ။မကြာခင်မှာလည်း သရုပ်ဆောင်ဘက်ထက် အဆိုဘက်ကို ပိုဝါသနာပါတာကြောင့် အဆိုပိုင်းကို လျှောက်လှမ်းတော့မယ်လို့လည်းသိရပါတယ်။ ပရိသတ်ကြီးရော ဘယ်သူ့ကို အကြွေဆုံးလဲ ဆိုတာ မှတ်ချက်ပေးခဲ့ပါဦးနော်။

Credit -CeleConnections

admin