မူးလဲလို့ အရေးပေါ် ဆေးကုသမှု ခံယူနေရတဲ့ ဝေဠုကျော်

Last modified date

အားပျက်ပြီး မူးလဲလို့တဲ့။
ပြည်သူတွေအတွက်ဆို အမြဲတမ်းအဆင်သင့် ရှိနေခဲ့တဲ့ ပရဟိတမင်းသား ဝေဠုကျော်ကတော့ လက်ရှိမှာ ဆေးကုသမှု ခံယူနေရတယ်လို့ သိရပါတယ်။

ပရဟိတမင်းသား ဝေဠုကျော်က အစာအိမ်အောင့်ပြီး အားပျက်ကာ မူးလဲသွားတဲ့အတွက် အရေးပေါ် ဆေးကုသမှု ခံယူနေရတယ်လို့ သိရပါတယ်။ အရင်က အစားအိမ် သွေးကြော ပေါက်ဖူးခဲ့တဲ့ ဝေဠုကျော်ဟာ အစားအသောက်မမှန်တာကြောင့် ဆေးကုသမှု ခဏခဏ ခံယူခဲ့ရဖူးပါတယ်။

ယခုလည်း ရုတ်တရက်ဆိုသလို မူးလဲတာကြောင့် အရေးပေါ် ဆေးရုံတင်လိုက်ရတယ်လို့ ထိုင်းမြန်မာအခြေစိုက် အလုပ်သမားကူညီစောင့်ရှောက်ရေးအဖွဲ့က ရဲမင်းက ဆိုပါတယ်။

“WLK”ဖောင်ဒေးရှင်းရဲ့ဦးဆောင်သူ ကိုဝေဠုကျော် ယနေ့ အစာအိမ်အောင့်ပြီး အားပျက်မူးလဲသွားရာ အရေးပေါ်ဆင်းရုံတင်လိုက်ရပါတယ်၊ဆရာဝန်များက လိုအပ်သည့်ဆေးများချက်ချင်း သွင်းပေးပြီး ယခုလက်ရှိ အထူးကုအခန်းမှာ စောင့်ကြည့်ကုသပေးနေပါကြောင်း စိတ်ပူနေ ကြသော အစ်ကိုရဲ့ပရိတ်သတ်များကို ကျွန်တော်ရဲ့ ဖေ့ဘုတ်အကောင့်မှ တဆင့်တင်ပြပေးလိုက်ရပါတယ် “ ဆိုပြီး ဒီဇင်ဘာ(၁၀) ရက်နေ့က သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားထားတာပါ။

ဆေးရုံတက်နေရတဲ့ ဝေဠုကျော်အတွက် ပရိသတ်တွေလည်း စိုးရိမ်လို့နေကြပါတယ်။ ကျန်းမာရေး အမြန်ပြန်ကောင်းလာဖို့အတွက် ဆုတောင်းစကားတွေလည်း ပြောထားကြပါတယ်။

ဝေဠုကျော်ဟာ ပရိသတ်တွေ လေးစားအားကျရတဲ့ သရုပ်ဆောင် တစ်ဦးလည်း ဖြစ်ပါတယ်။ ဝေဠုကျော်ဟာ ၂၀၀၉ခုနှစ်ကစပြီး လူမှု အကျိုးပြုအလုပ်တွေကို လုပ်ကိုင်ဖို့ ဝေဠုကျော် ဖောင်ဒေးရှင်းကို စပြီး တည်ထောင်ဖြစ်ခဲ့တာပါ။ ဝေဠုကျော်က အနုပညာအလုပ်တွေ သာမက ပရဟိတအလုပ်တွေကိုပါ အားတတ်သရော ပါဝင်လှုပ်ရှားနေသူ တစ်ဦး ဖြစ်ပါတယ်။

သူဟာ သရုပ်ဆောင်နဲ့ပတ်သက်ပြီး ကွယ်လွန်သွားပြီဖြစ်တဲ့ ကိုအောင်ဇော် ကို သတိရတဲ့အနေနဲ့ ‘’မနုစာရီ’’ရုပ်ရှင်ဇာတ်ကားကြီးမှာ ပါဝင်သရုပ်ဆောင်ခဲ့ပါတယ်။ ဒီဇာတ်ကားမှာတော့ ဝေဠုကျော်ကို အောင်ထွန်း ဆိုတဲ့ ကာရိုက်တာနဲ့ မြင်တွေ့ရမှာဖြစ်ပါတယ်။ အနုပညာလောကသား အချင်းချင်းရိုင်းပင်းကူညီတဲ့ စိတ်နဲ့ ပါဝင်သရုပ်ဆောင်တာဖြစ်တယ်လို့ သိရပါတယ်။

Credit : Cele Yatkwat

admin