ICJ တရားရုံးရှေ့ထိ အမေစုကို ငြိမ်းချမ်းစွာ သွားရောက်ဝန်းရံခဲ့တဲ့ စမိုင်းလ်

Last modified date

သရုပ်ဆောင် စမိုင်းလ်တို့ဇနီးမောင်နှံက ဒီကနေ့မှာ ICJ တရားရုံးရှေ့ အထိ နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကို ငြိမ်းချမ်းစွာနဲ့ သွားရောက်ဝန်းရံခဲ့တာတွေ့ရပါတယ်။

နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့အဖွဲ့ဟာ သဟိဂ်မြို့မှာတည်ရှိတဲ့ ICJ တရားရုံးသို့ ကြားနာဖို့အတွက် ဒီကနေ့ ဒီဇင်ဘာလ (၁၀) ရက်နေ့မှာ ရောက်ရှိလာတာဖြစ်ပါတယ်။ ရုံးရှေ့မှာတော့ အမေ ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံသူတွေနဲ့ ဆန့်ကျင်သူတွေ ရှိနေခဲ့တာလည်းဖြစ်ပါတယ်။

သဟိဂ်မြို့ကိုရောက်ရှိနေတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံတဲ့ပွဲတွေလည်း မြန်မာတစ်ဝန်းကျင်းပနေတာဖြစ်ပါတယ်။ စမိုင်းလ်တို့ဇနီးမောင်နှံကလည်း နိုင်ငံကိုချစ်တဲ့စိတ်နဲ့ ဘာမျှော်လင့်ချက်မှမပါပဲ အချိန်ကုန်ခံ၊ ငွေကုန်ခံပြီး သဟိဂ်မြို့ကိုသွားရောက်ခဲ့ကြတာဖြစ်ပါတယ်။

သဟိဂ်မြို့က ICJ တရားရုံးရဲ့ အမေဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံသူတွေ စုဝေးရာအရပ်မှာ စမိုင်းလ်တို့ဇနီးမောင်နှံက အမေစုတရားရုံးထဲမှ ထွက်အလာကို ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ထောက်ခံကြိုဆိုနေကြတာဖြစ်ပါတယ်။ သူမကတော့ နိုင်ငံကိုချစ်တဲ့စိတ်တစ်ခုတည်းနဲ့ ဒီနေရာကိုအရောက်လာခဲ့တယ်လို့ပြောပါသေးတယ်။ သူမတို့အနေနဲ့ ငြိမ်းချမ်းစွာနဲ့သာ အမေ့ကို ဝန်းရံသွားမယ်လို့ဆိုပါတယ်။

သူမကတော့ တရားရုံးအပြင်ဘက်က မြင်ကွင်းတွေကို ပရိသတ်ကြီးမြင်တွေ့နိုင်အောင်လည်း မျှဝေပေးထားပါသေးတယ်။ စမိုင်းလ်ရဲ့ Live ကို ဖော်ပြရင်းနဲ့ သူမလိုပဲ နိုင်ငံချစ်တဲ့စိတ်နဲ့ လာရောက်နေကြတဲ့ မြန်မာနိုင်ငံသူ နိုင်ငံသားတွေရဲ့ ပုံရိပ်တွေကိုပါ တွေ့မြင်နိုင်မှာဖြစ်ပါတယ်။

We Love Cele

Photos-စမိုင်းလ်

admin