သုံးကြိမ်ဆက်တိုက် သံဃာသုံးသောင်းကျော် ကို ဆွမ်းလောင်းလှူခဲ့တဲ့ စေတနာရှင် ဒေါက်တာမလေး ဆောင်းရူပါဝင်း

Last modified date

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၈ ရက်နေ့က မန္တလေးမှာ ကမ္ဘာ့အကြီးဆုံးလို့ ဆိုရမဲ့ သံဃာ ၃ သောင်း သံဃာ့မဟာဒါနဆွမ်းဆန်စိမ်းလောင်းလှူပွဲကြီး ကျင်းပပြုလုပ်ခဲ့ပါတယ်….မြန်မာ-ထိုင်း ချစ်ကြည်ရေး ဆွမ်းလောင်းလှူပွဲ ဖြစ်ပြီး မန္တလေးမြို့ ချမ်းမြသာစည် လေယာဉ်ကွင်းဟောင်းမှာ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်…..

ရဟန်းရှင်လူ သောင်းပေါင်းများစွာ တက်ရောက်လှူဒါန်းခဲ့ကြတာ ဖြစ်ပြီးတော့ အဲဒီထဲမှာမှ ဒကာမလေးတစ်ဦးရဲ့ ဆွမ်းဆန်စိမ်းလောင်းလှူပုံတွေဟာ လူမှုကွန်ရက်မှာ နာမည်ကြီးနေတာပဲ ဖြစ်ပါတယ်…

သူကတော့ ဒေါက်တာဆောင်းရူပါဝင်းပဲ ဖြစ်ပါတယ်…သူမဟာ ပညာတတ်ဘွဲ့ရ ဒေါက်တာ တစ်ဦးဖြစ်သလို ဘာသာတရားကိုလည်း အလွန်ရိုသေကိုင်းရှိုင်းသူပါ…

ယခုအကြိမ်နဲ့ ဆိုရင် ဆွမ်းဆန်စိမ်းလောင်းလှူပွဲကြီးမှာ ပါဝင်လှူဒါန်းတာ ဟာ ၃ ကြိမ်မြောက်ရှိပြီလို့ သိရပါတယ်….

ပထမအကြိမ် ၂၀၁၅ ခုနှစ်၊ ဒုတိယအကြိမ် ၂၀၁၈ ခုနှစ်နဲ့ ယခုတတိယအကြိမ် ၂၀၁၉ခုနှစ် ၃ ကြိမ်ဆက်တိုက် ပါဝင်လှူဒါန်းခဲ့တာ ဖြစ်ပါတယ်…..ပထမအကြိမ်မှာ သိန်း ၄၀ လှူခဲ့တယ်လို့လည်း သိရပါတယ်….

ခေတ်ပညာတတ်တစ်ဦး ဖြစ်သလို ရုပ်ရည်ကလည်း ချောမောလှပလွန်းတာ ဖြစ်ပြီး ယခုလို အလှူဒါနတွေကြောင့် နောင်ဘဝတွေမှာလည်း ချောမောလှပနေမဲ့ အမျိုးသမီးလေးလို့လည်း လူမှုကွန်ရက်သုံးစွဲသူတွေက ချီးကျူးပြောဆိုနေကြတာပါ…..

ပရိသတ်ကြီးတို့လည်း ဒေါက်တာမလေး ဆောင်းရူပါဝင်းရဲ့ ဆွမ်းဆန်စိမ်းလောင်းလှူနေပုံ ဗီဒီယိုလေးကို ဝမ်းမြောက်ဝမ်းသာ သာဓုခေါ်ဆိုနိုင်ဖို့ အောက်မှာ ပြန်လည် ဖေပေးလိုက်ပါတယ်နော်…

ရုပ်သံဖိုင်အားကြည့်ရန်နှိပ်ပါ

Writer – HW (Shwe Yaung Lan)
Video Source : Saung Yupar Win

admin