ပရိသတ်တွေ သဘောကျနေကြတဲ့ မြန်မာအသင်းကို အားပေးနေတဲ့ အောင်သူတို့ သားအဖရဲ့ပုံရိပ်

Last modified date

မြန်မာနိုင်ငံဂုဏ်ဆောင် အားကစားသမားတစ်ဦးဖြစ်တဲ့ အောင်သူကတော့ မင်းသမီးချောလေး ပိုးအိအိခန့်နဲ့အတူ သာယာပျော်ရွှင်တဲ့ အိမ်ထောင်ရေးတစ်ခုကို တည်ဆောက်ထားတာဖြစ်ပြီး၊ အနာဂါတ်အတွက် ကြိုးစားနေသူတစ်ဦးပဲ ဖြစ်ပါတယ်။ သူနဲ့တစ်ပုံစံတည်းတူတဲ့ သားလေးကို ပိုင်ဆိုင်ထားတဲ့ အောင်သူကတော့ တစ်ဦးတည်းသော သားလေးကို အရိပ်တကြည့်ကြည့်နဲ့ အချစ်ပိုနေရတာပဲ ဖြစ်ပါတယ်။ လတ်တလောမှာတော့ အောင်သူက သူ့ရဲ့သားလေး သွင်ဦးဟန်နဲ့အတူ မြန်မာဘောလုံးအသင်းကို အားပေးနေတဲ့ ပုံရိပ်တစ်ခုက ပရိသတ်တွေကြားမှာ နာမည်ကြီးနေတာ တွေ့ရပါတယ်။ အဖေသွေး အပြည့်အဝပါတဲ့ အောင်သူရဲ့သားလေးကတော့ ဒီအရွယ်လေးနဲ့ မြန်မာဘောလုံးပွဲကို အားပေးတတ်နေပါပြီနော်။

ချစ်ပရိသတ်တွေအတွက် အရမ်းကို ချစ်ဖို့ကောင်းတဲ့ အောင်သူနဲ့ သားလေး သွင်ဦးဟန်တို့ရဲ့ချစ်စရာပုံရိပ်လေးတွေကို ဖော်ပြပေးလိုက်ပါတယ်နော်။

အဆိုပါပုံရိပ်လေးကိုတော့ ပိုးအိအိခန့်က “Congratulations Myanmar u 22” ဆိုပြီး မနေ့က ဖိလစ်ပိုင်အသင်းကို အနိုင်ကစားခဲ့တဲ့ မြန်မာအသင်းကို ဂုဏ်ပြုရင်း ခင်ပွန်းနဲ့ သားဖြစ်သူတို့ရဲ့ပုံရိပ်တွေကို လူမှုကွန်ယက်မှာ ဝေမျှပေးထားတာပဲ ဖြစ်ပါတယ်။ အဖေကို အရမ်းခင်တွယ်တဲ့ အောင်သူရဲ့သားလေး သွင်ဦးဟန်ကတော့ ဖခင်ဖြစ်သူ စနောက်ကျီစယ်ရင် အရမ်းပျော်တတ်သူလေးပါပဲနော်။

အောင်သူကတော့ လက်ရှိမှာ ချစ်ရတဲ့ မိသားစုအတွက် အကောင်းဆုံးကြိုးစားနေတာဖြစ်ပြီး၊ ပိုးအိအိခန့်ကလည်း အနုပညာအလုပ်တွေနားပြီး သားလေးကို အပြည့်အဝအချိန်ပေးဖြစ်နေတာပါ။ ချစ်ပရိသတ်တွေလည်း အရမ်းကို ချစ်စရာကောင်းလွန်းတဲ့ အောင်သူတို့ သားအဖကိုချစ်ရင် Share သွားကြဖို့ မမေ့ပါနဲ့နော်။

Myint Myat
Source;Poe Ei Ei Khant’s Facebook

admin