နိုင်ငံ့ပုံရိပ်ကိုအဖတ်ဆယ်နိုင်ဖို့အတွက် အားလုံးကို မေတ္တာရပ်ခံအကူညီတောင်းလိုက်တဲ့ ဇဏ်ခီ

Last modified date

သရုပ်ဆောင် ဇဏ်ခီကတော့ ယဉ်ကျေးခြင်းဖြင့် နိုင်ငံ့ပုံရိပ်ကို တစ်ဖက်တစ်လှမ်းက ကူညီပေးကြဖို့ တောင်းဆိုလိုက်ပါတယ်။ဇဏ်ခီဟာ မြန်မာ့ရုပ်ရှင်လောကရဲ့ အချိုးအကွေ့ကို ဖန်တီးပုံဖော်နိုင်ခဲ့ပြီး မြန်မာ့ရုပ်ရှင်လောက တိုးတက်အောင် တစ်ထောင့်တစ်နေရာကနေ ပါဝင်လျက်ရှိနေပါတယ်။ သူတို့ဖန်တီးပုံဖော်ခဲ့တဲ့ ရုပ်ရှင်ဇာတ်ကားတွေဟာ ဝင်ငွေ သိန်းပေါင်း သောင်းချီရှိခဲ့ပြီးတော့ နိုင်ငံတော်အတွက် ဖွံ့ဖြိုးတိုးတက်အောင် အခွန်တွေကို ဆောင်ခဲ့ကြောင်း မကြာသေးခင်က ပြုလုပ်တဲ့ Fan Meeting မှာတရားဝင်ကြေငြာခဲ့ပါတယ်။

နောက်ဆုံးရိုက်ကူးခဲ့တဲ့ ထာဝရနှောင်ကြိုးဇာတ်ကားကနေလည်း သိန်းပေါင်း ၂၄၀၀၀ ရရှိခဲ့ပြီးတော့ အခွန် သိန်းပေါင်း ၁၁၀၀ ဆောင်သွားမယ်လို့ သိရှိရပါတယ်။

လက်ရှိ မြန်မာနိုင်ငံဟာ ဂမ်ဘီယာနိုင်ငံရဲ့ တရားစွဲဆိုမှုကို ရင်ဆိုင်နေရပြီး ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ အဖွဲ့ဟာ အမှုကိုကြားနာဖို့အတွက် ICJ ရုံးတည်ရှိရာ နယ်သာလန်နိုင်ငံ သဟိဂ်မြို့ကိုရောက်ရှိနေတာဖြစ်ပါတယ်။

ထောက်ခံသူ၊ ဆန့်ကျင်သူတွေ များပြားပြီး လူစိတ်ဝင်စားမှုမြင့်တက်နေတဲ့ ဒီအမှုအတွက် မြန်မာပြည်သူ/ပြည်သားတွေကလည်း တစ်ဖက်တစ်လှမ်းကနေ ယဉ်ကျေးစွာနဲ့ ပြုမူနေထိုင်ပေးကြဖို့ သရုပ်ဆောင် ဇဏ်ခီက မေတ္တာရပ်ခံတောင်းဆိုလိုက်ပါတယ်။

“ကျနော် ရခိုင်အရေးစဖြစ်ပြီး နိုင်ငံတကာ mainstream media တွေမှာ မြန်မာနိုင်ငံကိုစပြီး တိုက်ခိုက်တဲ့အချိန်ကနေစပြီးတော့ သူတို့ရဲ့ page တွေအောက်မှာ ထိရောက်သည်ဖြစ်စေ မထိရောက်သည်ဖြစ်စေ comment section တွေမှာ ချက်ကျလက်ကျ fact တွေ link တွေနဲ့ တုန့်ပြန်မှုတွေလုပ်ခဲ့ပါတယ်။ သူတို့ပြောတဲ့ထဲမှာ မှားတာတွေရော မှန်တာတွေရော ပါပါတယ်။ မှားတာတွေပိုများပါတယ်။

မနေ့က ICJ မှာအဖွင့်အဆိုပြုခြင်းတွေအတိုင်းပါပဲ ယနေ့ကမ္ဘာမှာမြန်မာကိုထင်တဲ့မြင်တဲ့အမြင်က ဗုဒ္ဓဘာသာအစွန်းရောက်တွေနေတဲ့နိုင်ငံ၊ ပြီးတော့ အင်မတန်မယဉ်ကျေးတဲ့ မိုက်ရိုင်းတဲ့လူတွေနေတဲ့နိုင်ငံဆိုပြီးတော့ပဲဖြစ်ပါတယ်။ အစွန်းရောက်ကိစ္စကတော့ အားလုံးသိကြတဲ့ မီးမွှေးတဲ့သူတွေရှိတယ် မီးရှို့တဲ့သူတွေတွေရှိတယ်။ အဲ့ဒီ့ထဲပါသွားတဲ့ အစစ်တွေလည်းရှိတယ်။ ဆိုတော့ အဲ့ဒီ့ကိစ္စကတော့ တော်တော်လေးရှင်းရခက်ပါတယ်။ ဒါပေမယ့် ကျနော်အရှိကိုအရှိအတိုင်းပဲ comment section တွေမှာ ပြောပြခဲ့တယ်။ ဘယ်သူမှမယုံပါဘူး။ ဒါကခဏထားပါ။ စိတ်ပျက်စရာအကောင်းဆုံးကဘာလဲဆိုတော့ ကျနော်ကဒီဖက်မှာ အချက်အလက်နဲ့ရှင်းပြဖို့ကြိုးစားနေတဲ့အချိန်မှာ တစ်ချို့တော်တော်များများမြန်မာအကောင့်တွေက မိုက်မိုက်ရိုင်းရိုင်းတွေ ဆဲကြဆိုကြပါတယ်။ မြန်မာလိုတွေရော broken English တွေရော စုံလို့။ အဲ့ဒီတော့ Online ပေါ်မှာတစ်ခြားလူမျိုးတွေအတွက်က world media ကပြောနေတာတွေက မမှားလောက်ဘူးပဲဆိုပြီး တစ်ခါတည်းဖြစ်သွားကြရော။

မနေ့က ICJ မှာပြောနေတာတွေကို live ကြည့်နေရင်း စိုးရိမ်တဲ့အတိုင်းပဲ အောက်ကနေ ဆဲဆိုတဲ့မန့်တွေတက်လာပါတယ်။ အဲ့ဒီ့ထက်ပိုဆိုးတာက လူမျိုးရေးနဲ့ပတ်သက်တဲ့ဟာတွေပါ။ အခု အရင်ကလိုမဟုတ်တော့ပါဘူး။ Unicode ဆိုတော့ ဘာသာပြန်ရတာ အရမ်းလွယ်သွားပြီ။ ပြီးတော့ media တွေကလည်း comment တွေအကုန်လုံးကိုလိုက်ဖတ်ကြည့်နေကြတယ်။ ကောင်းတာကိုရှာတာမဟုတ်ပါဘူး။ အဆိုးဆုံးတွေကိုရှာနေကြတာ။ ပြီးရင် အခါသင့်ရင်သင့်သလို အဲ့ဒီ့အဆိုးဆုံးသော comment တွေကို highlight တွေနဲ့ သူတိုရဲ့ channel တွေမှာတင်ပြကြမှာဖြစ်ပါတယ်။

တစ်သက်လုံးက မြန်မာလူမျိုးတွေဟာ ယဉ်ကျေးပျူငှါတယ်ဆိုတဲ့အမြင်ဟာ အခုကမ္ဘာမှာမရှိတော့ပါဘူး။ ယနေ့မြန်မာဟာ သမိုင်းမှာအကြည်းတန်ဆုံးအခြေအနေတစ်ခုမှာရောက်နေပါတယ်။ ဒါကို ပေါ့ပေါ့တန်တန်မတွေးမိကြပါစေနဲ့။ နိုင်ငံ့ပုံရိပ်ကို အဖတ်ဆယ်နိုင်ဖို့အတွက် အားလုံးမှာတာဝန်ရှိပါတယ်။ ပါတီမတူတာတွေ နိုင်ငံရေးအမြင်မတူတာတွေ လူပုဂ္ဂိုလ်စွဲတွေ ဘေးဖယ်ထားရမယ့်အချိန်ပါ။ တစ်ဦးတစ်ယောက်ချင်းဆီအနေနဲ့ ဘာမှမလုပ်ပေးနိုင်ရင်တောင် social media page တွေ international news page တွေမှာ မဆဲမဆိုခြင်းအားဖြင့်ကူညီပေးကြပါ။ Comment ပေးချင်ပြီဆိုရင်လည်း အချက်အလက်နဲ့ (မဆဲမဆိုပဲ) comment ပေးကြပါလို့ မေတ္တာရပ်ခံပါရစေ။အားလုံး ကျန်းမာ ချမ်းသာကြပါစေ” လို့ နိုင်ငံ့ပုံရိပ်အတွက် တောင်းဆိုလိုက်တာဖြစ်ပါတယ်။

ကျတော်တို့ မြန်မာပြည်သူပြည်သားတွေအနေနဲ့ အမေ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်နေတဲ့ အဖွဲ့ နိုင်ငံရပ်ခြားမှာ တရားရင်ဆိုင်နေချိန်မှာ ဇဏ်ခီအကြံပေးသွားသလို ယဉ်ကျေးကြဖို့ အင်မတန်အရေးကြီးတဲ့အချိန်ပဲဖြစ်ပါတယ်။

နိုင်ငံ့ပုံရိပ်ကို ပြန်လည်အဖတ်ဆယ်ဖို့ အားလုံးမှာတာဝန်ရှိတဲ့အတွက် မဆဲမဆိုခြင်းအားဖြင့် ကူညီပေးကြပါလို့ ဇဏ်ခီနဲ့အတူ မေတ္တာရပ်ခံတောင်းဆိုလိုက်ပါတယ်နော်။We Love Cele

Photos-Zenn Kyi

admin