ကစ်ကစ်ရဲ့သမီးကို “ရည်စားတောင် ထားနိုင်သေးတာ အလုပ်တော့ လုပ်နိုင်ရမယ်” လို့ ပြောလိုက်တဲ့ ခင်သဇင်

Last modified date

သရုပ်ဆောင် ခင်သဇင် တစ်ယောက်ဟာ ဟာသသရုပ်ဆောင် ကစ်ကစ်တစ်ယောက်နာမကျန်းဖြစ်ပြီး မိန်းမသားတစ်ဦးတည်း ဆေးရုံမှာ ဒုက္ခရောက်နေစဉ်ကတည်းက ကစ်ကစ်ရဲ့ ဆေးဖိုးနဲ့ အစားအသောက်က အစ သူမကိုယ်တိုင်ဖြစ်စေ ၊ အလှူရှင်တွေရဲ့ကူညီသည့်ငွေဖြင့်ဖြစ်စေ စောင့်ရှောက်ပေးခဲ့တဲ့ တစ်ဦးတည်းသော သူလည်းဖြစ်ပါတယ်။ အထူးသဖြင့် ကစ်ကစ် ကွယ်လွန်ချိန်အထိ အားထားခဲ့တဲ့ရတဲ့ ကူညီသူတစ်ဦးဖြစ်သလို ၊ ကစ်ကစ် နာရေး ရက်လည်အထိ တာဝန်ယူဆောင်ရွက်ပေးခဲ့တဲ့ သူတစ်ဦးလည်းဖြစ်ပါတယ်နော်။

အခုလို ကစ်ကစ်တစ်ယောက် သူမချစ်တဲ့ အနုပညာနဲ့ မိသားစုကို စွန့်ခွာသွားပြီးတဲ့နောက်မှာတော့ သရုပ်ဆောင် ခင်သဇင်ကပဲ ရက်လည်အထိ တာဝန်ယူဆောင်ရွက်ပေးခဲ့ပြီးတော့ အလှူငွေတွေနဲ့ အသုံးစားရင်းကိုလည်း ပွင့်လင်းမြင်သာစွာ ထုတ်ပြန်ပေးခဲ့တာလည်းတွေ့ရပါတယ်။ ကစ်ကစ် ဆုံးပါးချိန်မှာ သူမမှာ ဇွန်ပြည့်ဆိုတဲ့ သမီးလေး တစ်ယောက်ကျန်ရစ်ခဲ့ပါတယ်။

ဒီ သမီးလေးကို သရုပ်ဆောင် ခင်သဇင်က တာဝန်ယူမှာလားလို့ မီဒီယာတွေက တောက်လျှောက်မေးမြန်းနေကြပါတယ်။ တကယ်တော့ သရုပ်ဆောင် ခင်သဇင်ဟာ ကစ်ကစ် နေမကောင်းချိန်မှာ အလွန်ကိုကူညီခဲ့တဲ့သူပါ။ ဒါ့အပြင် ကစ်ကစ်ဆုံးသွားတော့လည်း ကစ်ကစ်သမီးကိုပါ တာဝန်ဖို့ရာ မီဒီယာတွေက မေးတာကိုတော့ အံ့သြမိပါတယ်နော်။ဒီအကြောင်းကိုလည်း သရုပ်ဆောင် ခင်သဇင်က တာဝန်ယူဖို့မရှိဘူးလို့ ဖြေဆိုထားတာကိုတွေ့ရပါတယ်။

ပြီးတော့ သူမဟာ အရွယ်ရောက်တဲ့ သူတစ်ဦးဖြစ်နေပြီဖြစ်သလို ရည်းစားတောင် ထားနေတဲ့အရွယ်လည်းဖြစ်ပါတယ်။ ဒီလိုအရွယ်ဖြစ်တဲ့ အပြင် သူမမှာလည်း ဆွေမျိုးနီးစပ်တွေ အဒေါ်တွေ ၊ ဦးလေး တွေ ရှိနေပါလျှက်နဲ့ ခင်သဇင်ကို တာဝန်ယူဖို့ မေးနေတဲ့သူတွေကို ထပ်မံအံ့သြရပါတယ်။

ခင်သဇင့် အနေနဲ့တော့ သူမသာ လိမ်မာရင် အလုပ်လုပ်ကိုင်နိုင်ဖို့ မည်သည့် သူငယ်ချင်းကိုမဆို ပြောပေးနိုင်သလို ၊ သူ့ဆီမှာလည်း အလုပ်ခန့်ပေးဖို့ ဝန်မလေးဘူးလို့ သူမဆိုပါတယ်။ ခင်သဇင်က ဇွန်ပြည့်ကို တာဝန်မယူနိုင်တဲ့ အပေါ်မှာတော့ ပရိသတ်များက နည်းလမ်းမှန်တာမို့ ထောက်ခံရပ်တည်နေကြပါတယ်။ မိတ်ဆွေရဲ့ အမြင်ကိုလည်း ပြောပြခဲ့ပါဦးနော်။

Source-SYL

admin