သမီးလေးနဲ့သူမတို့ကြားက ဆက်ဆံရေးလေးကို ပြောပြလာတဲ့ချမ်းချမ်း

Last modified date

Melody World ပြိုင်ပွဲကနေ အနုပညာလမ်းကြောင်းပေါ်မှာ နေရာရလာခဲ့တဲ့ တေးသံရှင်ချမ်းချမ်း ကတော့ မော်ဒယ်လ်သရုပ်ဆောင် ဘုဏ်းသိုက်နဲ့ အိမ်ထောင်ပြုခဲ့ပြီး ချစ်စရာကောင်းတဲ့ သမီးလေး တစ်ယောက်ကိုမွေးဖွားထားတာဖြစ်ပါတယ် ။ အိမ်ထောင်ရေးအဆင်မပြေမှုတွေကြောင့် ခင်ပွန်းဖြစ်သူနဲ့ ကွာရှင်းလိုက်ကြပြီး သမီးလေးကို ချမ်းချမ်းကပဲ တာဝန်ယူစောင့်ရှောက်ထားတာဖြစ်ပါတယ် ။

စင်ဂယ်မားသားဘဝနဲ့ သမီးလေးကိုတာဝန်ယူနေတဲ့ချမ်းချမ်းကတော့ သမီးလေးကို အချိန်ပေးနေရလို့ သမီးကျောင်းပို့ရမယ့် နေ့တွေဖြစ်တဲ့ တနင်္လာနေ့ကနေ သောကြာနေ့ထိကို မနက်ပိုင်း ရှိုးတွေတောင် လက်မခံတော့ဘူးလို့ ပရိသတ်တွေကိုပြောပြလာခဲ့ပါတယ် ။ သမီးလေးကိုလည်း မေမေက အလုပ်တွေပဲလုပ်တော့ အလုပ်တွေ လောဘကြီးတယ်လို့ ထင်မယ် တကယ်တော့ ဒီအချိန်မှာရှာထားနိုင်မှ သမီးလေးအသက်ကြီးရင် ကောင်းကောင်းမွန်မွန်နေရမှာ လို့ လည်း သမီးလေးကိုအမြဲပြောပြဖြစ်ပါတယ်တဲ့ ။ သားသမီးအတွက်ပဲ အချိန်ကုန်နေရတာက တစ်ခါတစ်လေကျရင် စိတ်ထွက်ပေါက်မရှိတဲ့အတွက် သားသမီးကိုပဲအမြဲငဲ့ကြည့်နေရတော့ ကိုယ်တစ်ကယ်ခံစားနေရတာတွေကိုတော့ ကိုယ်တိုင်ပဲသိတယ်လို့ချမ်းချမ်းကပြောပြလာခဲ့ပါတယ် ။

သမီးလေးလိုချင်တာတွေကို လက်ညိုးထိုးတိုင်းဝယ်ပေးနိုင်ဖို့ အလုပ်တွေကြိုးစားနေသလို သမီးလေးပျော်ရွှင်သွားဖို့အတွက် Surprise အနေနဲ့ လက်ဆောင်လေးတွေလည်း ဝယ်ပေးဖြစ်တယ်လို့ သိရပါတယ် ။ ချစ်စရာကောင်းတဲ့ ချမ်းချမ်းတို့သားအမိနှစ်ယောက်ရဲ့ဆက်ဆံရေးလေးကတော့ အရမ်းကိုနွေးထွေးပြီးချစ်ဖို့ကောင်းနေပါတယ်နော် ။

Source : Fashion Magazine

admin