အမေစုကို ဝန်းရံရင်း သူများလာဝေတဲ့ ထမင်းဘူးတွေကို လမ်းဘေးမှာ ထိုင်စားခဲ့တဲ့ စမိုင်းလ်

Last modified date

သရုပ်ဆောင် စမိုင်းလ်က ICJ တရားရုံးရှေ့မှာ အမေစုကိုဝန်းရံနေရင်း သူများလာဝေတဲ့ ထမင်းဘူးလေးတွေ စားသုံးခဲ့ရပါတယ်။ နယ်သာလန်နိုင်ငံမှာသွားရောက်တရားရင်ဆိုင်နေတဲ့ အမေဒေါ်အောင်ဆန်းစုကြည်နဲ့ အဖွဲ့ကို ဝန်းရံဖို့အတွက် စမိုင်းလ်တို့ဇနီးမောင်နှံရောက်ရှိနေတာ ပရိသတ်ကြီး သိကြမှာပါ။ ဂမ်ဘီယာနိုင်ငံက မြန်မာပြည်ကို စွဲဆိုထားတဲ့ အမှုနဲ့ပတ်သက်ပြီး တစ်ကမ္ဘာလုံးက စိတ်ဝင်စားနေကြသလို မြန်မာပြည်သူပြည်သားတွေကလည်း စိတ်ဝင်တစား စောင့်ကြည့်နေကြတာဖြစ်ပါတယ်။

စမိုင်းလ်တို့ ဇနီးမောင်နှံကတော့ ငွေကြေးရော၊ အချိန်ပါ ပေးဆပ်ပြီး နိုင်ငံချစ်တဲ့စိတ်နဲ့ နယ်သာလန်နိုင်ငံ သဟိဂ်မြို့ထိ သွားရောက် ဝန်းရံခဲ့တာဖြစ်ပါတယ်။ ICJ တရားရုံးရှေ့က အခြေအနေတွေကိုလည်း အဆက်မပြတ် ဖော်ပြပြီး Live လွှင့်ပေးနေတာလည်း တွေ့ရပါတယ်။

စမိုင်းလ်တစ်ယောက် တရားရုံးရှေ့မှာ သွားရောက်ဝန်းရံရင်း သူများလာဝေတဲ့ ထမင်းဘူးတွေ စားခဲ့ရပုံလေးကို ပြောပြလာပါတယ်။ လမ်းဘေးမှာ သူများလာဝေတဲ့ ထမင်းဘူးကို ထိုင်စားရတာလည်း သူမအတွက်တော့ ဖီးလ်တစ်ခုဖြစ်ကြောင်း ပြောထားတာဖြစ်ပါတယ်။ ယခုလို အရေးကြီးတဲ့အချိန်မှာ သွေးစည်းစွာနဲ့ အချိန်ပေးပြီး ဝန်းရံအားပေးတတ်တဲ့ သူမရဲ့စိတ်ဓာတ်လေးကတော့ ချစ်စရာလေးပါနော်။

စမိုင်းလ်ရဲ့ ချစ်စရာကောင်းတဲ့ ပုံရိပ်လေးတွေကို ထပ်မံမျှဝေပေးလိုက်ပါတယ်။

We Love Cele

Photos-Smile

admin