“မင်းသမီးချော အိန္ဒြာကျော်ဇင်ပါ အူတက်အောင်ရယ်ခဲ့ရတဲ့ ရင်ဘတ်ထဲကဓား ဇာတ်ဝင်ခန်း”

Last modified date

လက်ရှိမှာတော့ မင်းသမီးချော အိန္ဒြာကျော်ဇင်ဟာ ပရိသတ်တွေကြား နာမည်ကြီးနေတဲ့ သူရဲ့ ဒုတိယမြောက်အကယ်ဒမီကို ရယူနိုင်ခဲ့တဲ့ ဇာတ်ဝင်ခန်းကို ပရိသတ်တစ်ဦးမှ ဟာသသဘောဖြင့် အသံပြောင်းထားတဲ့ ဗီဒီယိုလေးကို ကြည့်ကာ အူးတက်အောင်ရယ်ခဲ့ရတဲ့အကြောင်းကို “အား….. သေပါပြီ, အူတက်လို့” ဆိုပြီး သူရဲ့ လူမှုကွန်ရက် စာမျက်နှာမှာ ဒီဗီဒီယိုဖိုင်လေးကို ရှယ်ထားပါတယ်။

မြန်မာနိုင်ငံရဲ့ နိုင်ငံကျော် ထိပ်တန်းမင်းသမီးတစ်လက်ဖြစ်တဲ့ အိန္ဒြာကျော်ဇင်ကတော့ လက်ရှိမှာ အကောင်းဆုံးအမျိုးသမီးဇာတ်ဆောင် အကယ်ဒမီဆုကြီး(၂)ဆုကို ပိုင်ဆိုင်ထားတဲ့ မင်းသမီးတစ်လက်ပါ။သူက မြန်မာနိုင်ငံ ရဲ့ သရုပ်ဆောင်မင်းသမီး တွေထဲမှာ အောင်မြင်မှုတွေရရှိနေတဲ့ ဝါရင့် သရုပ်ဆောင် မင်းသမီး တစ်ဦး ဆိုလည်းမမှားပါဘူး။သူကတော့ ရုပ်ရှင်ဇာတ်ကားကြီးတွေကို မနားတမ်းရိုက်ကူးနေရတဲ့သူတစ်ယောက်ဖြစ်ပြီး ဒီနှစ်ထဲမှာတော့ ပရိသတ်တွေက အကယ်ဒမီ ကျိန်းသေရရှိမယ့်လို ထင်ကြေးပေးခြင်းခံနေရတာလည်းဖြစ်ပါတယ်။ ဝါရင့်ရုပ်ရှင်သရုပ်ဆောင်တစ်ဦး ဖြစ်တဲ့ပြေတီဦးနဲ့ လက်ထပ်ထိမ်းမြှားခဲ့ကာ သာယာပျော်ရွှင်တဲ့ မိသားစုဘဝလေးကို ပိုင်ဆိုင်ထားနိုင်တဲ့သူတစ်ယောက်ပါ။

ပရိသတ်ကြီးအတွက် မြန်မာနိုင်ငံရဲ့ နိုင်ငံကျော် ထိပ်တန်းမင်းသမီးတစ်လက်ဖြစ်တဲ့ အိန္ဒြာကျော်ဇင်ပါ အူတက်အာင်ရယ်ခဲ့ရတဲ့ ရင်ဘတ်ထဲကဓား ဇာတ်ဝင်ခန်းကို မျှဝေပေးလိုက်ပါတယ်။

Credit : Cele Gabar

admin