ဖေဖေလို့ ရုတ်တရက်ခေါ်လာတဲ့ သမီးကြောင့် ငိုချင်မိသွားတယ်ဆိုတဲ့ ခိုင်နှင်းဝေ

Last modified date

ကြင်နာတဲ့ စိတ်ထားလေးနဲ့ အေးချမ်းတဲ့ မျက်နှာလေးကြောင့် ပရိသတ်တွေရဲ့ချစ်ခင်အားပေးခြင်းကို အပြည့်အဝရရှိထားတဲ့ သရုပ်ဆောင် ခိုင်နှင်းဝေကတော့ သရုပ်ဆောင်ပိုင်းမှာလည်း ထူးချွန်သူတစ်ဦးပါ။ လက်ရှိမှာ မိဘမဲ့ကလေးတွေကို ဂေဟာလေးတစ်ခုတည်ဆောက်ပြီး မွေးစားထားတဲ့ ခိုင်နှင်းဝေကတော့ သူမနဲ့အရမ်းတူတဲ့ သမီးလေး ရွှန်းရတီခိုင်ကိုလည်း အမွေစားအမွေခံနဲ့ မွေးစားထားပါသေးတယ်။ လတ်တလောမှာတော့ ခိုင်နှင်းဝေက ဖေဖေလို့ ရုတ်တရက်ခေါ်လာတဲ့ သမီးကြောင့် ငိုချင်မိသွားတဲ့အကြောင်း လူမှုကွန်ယက်မှာ ဝေမျှပေးထားတာ တွေ့ရပါတယ်။ အရင်ကတည်းက ကြိုတင်ပြင်ဆင်ထားတဲ့ အကြောင်းအရာပေမယ့် တကယ်တမ်းကြုံလာရတော့ ခိုင်နှင်းဝေတစ်ယောက် အရမ်းကို ဝမ်းနည်းသွားရတာပါနော်။

ချစ်ပရိသတ်တွေအတွက် ဖေဖေလို့ ရုတ်တရက်ခေါ်လာတဲ့ သမီးကြောင့် ဝမ်းနည်းသွားရတဲ့ ခိုင်နှင်းဝေရဲ့အကြောင်းကို ဖော်ပြပေးလိုက်ပါတယ်နော်။

ခိုင်နှင်းဝေကတော့ “သမီးက သူ့ကိုယ်သူမှန်ထဲကြည့်ပြီးစကားတွေပြောနေတာ သတိထားကြည့်လိုက်တော့ “ ဖေဖေ..ဖေဖေ ရေ” တဲ့😭😭😭ပါးစပ်ပိတ်မရအောင် အံ့သြ မှင်သက်သွားတယ်…ကျမ….. 💪💪💪💪💪ရုတ်တရက် စကားစရှာမရဘူး..ကြိုတင်ပြင်ဆင်ထားတဲ့ စကားလုံးတွေ ရုတ်တရက် သမီး အဲလို ခေါ်နေတာ မြင်တော့ အကုန်ပျောက်ကုန်တယ်… အားတွေ မွေးထားပေမဲ့… ငိုချင်သွားတယ်..နားမလည်သေးတဲ့ သမီး ကိုဘယ်လိုရှင်းပြရမလဲ..ဘဲဥ အစရှာမရသလို ဖြစ်သွားတယ်…

ပြင်ဆင်ထားပါတယ်..စကားလုံးတွေ…ခုတော့… ပြင်ဆင်ထားတဲ့ စကားလုံးတွေ အစား … သမီး မျက်နှာကြည့်ပြီး တဖက်လှည့်လိုက်တာ ပြောမဲ့စကားလုံးတွေနှုတ်ခမ်းကထွက်မလာပဲ… မျက်လုံးမှ ရေကလေးတွေစီးကျလာတဲ့ ပြောင်းလဲခြင်းတွေစတင် ဖန်တီးပေးလာပြီ ဖြစ်တဲ့ သမီးဘဝနဲ့ ရင်ဆိုင်ဖို့တွေအားမွေးထားပေမဲ့ ရုတ်တရက် သတ္တိကြောင်သွားခဲ့တဲ့ ကျမရဲ့ ဘဝအစ…မေမေ ရုတ်တရက်ကြောက်သွားပေမဲ့ ခုချိန်ကစလို့ မေးခွန်းတိုင်းဖြေနိုင်အောင် သတ္တိမွေးပြီး ရင်ဆိုင်ပါ့မယ်သမီးရေ…ကျမ အကြောက်ဆုံးအချိန်တွေ ရောက်မှန်းမသိရောက်လာပြီပဲ 😭😭😭” ဆိုပြီး သူမအကြောက်ရဆုံး အချိန်တွေ ရောက်လာပြီမို့ တုန်လှုပ်သွားတဲ့အကြောင်း ရေးထားတာပါ။

မင်းသမီးချောလေး ခိုင်နှင်းဝေကတော့ သူမချစ်ရတဲ့ အနုပညာအလုပ်တွေလုပ်ရင်း၊ လူမှုကူညီရေးတွေမှာလည်း အားကြိုးမာန်တက် ပါဝင်ဖြစ်နေတာ တွေ့ရပါတယ်။ သူမမွေးစားထားတဲ့ သားသမီးတွေကိုလည်း အရမ်းချစ်တဲ့ ခိုင်နှင်းဝေကတော့ သားသမီးတွေအတွက် အမြဲကြိုးစားနေတယ်လို့ ပြောလေ့ရှိသူတစ်ဦးပါ။ ချစ်ပရိသတ်တွေလည်း ဖေဖေလို့ ခေါ်တတ်လာပြီဖြစ်တဲ့ သမီးအတွက် ဝမ်းနည်းနေတဲ့ မေမေ ခိုင်နှင်းဝေကို အားပေးစကားလေးတွေ ဆိုသွားခဲ့ပါဦးနော်။

Myint Myat
Source;Khine Hnin Wai’s Facebook

admin