နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်အား အထောက်အထားများ တပ်မတော်မှ ထည့်ပေး

Last modified date

ICJ တရားရုံးတွင် သွားရောက်ဖြေရှင်းနေသည့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား တပ်မတော်ဘက်မှ အထောက်အထားများ ထည့်ပေးလိုက်ကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးမှ အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်း က ပြောကြားခဲ့ကြောင်း သိရှိရသည်။

“ အသေးစိတ် အကြောင်းအရာကိုတော့ ကျွန်တော်တို့ ပြောလို့မရဘူး။ အစိုးရရဲ့ ညွှန်ကြားချက်အတိုင်း ဆောင်ရွက်ခြင်းဖြစ်ပါတယ်။ လိုအပ်တဲ့အထောက်အထားတွေကို ညွှန်ကြားအတိုင်းဆောင်ရွက်ပေးပါတယ်”ဟု တပ်မတော်သတင်းမှန်ပြန်ကြား ရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောသည်။

နယ်သာလန်နိုင်ငံ သည်ဟိဂ်မြို့ရှိ ICJ တရားရုံးတွင် ဒီဇင်ဘာလ ၁၀ ရက်က ဂမ်ဘီယာ နိုင်ငံဘက်ကို စတင် ကြားနာကာ ဒီဇင်ဘာလ ၁၁ ရက်တွင် မြန်မာနိုင်ငံဘက်သို့ ကြားနားခဲ့ခြင်း ဖြစ်ပြီး ယနေ့ ပြန်လည်ချေပပြောဆိုစဉ် ဂမ်ဘီယာနိုင်ငံမှ မဖော်ပြခဲ့သည့် ရခိုင်ပြည်နယ်အတွင်း အာဆာ အကြမ်းဖက်သမားများ၏ တိုက်ခိုက်ခံရမှုကို နိုင်ငံတော်အတိုင်ပင်ခံက အသေးစိတ်ရှင်းပြပြောဆိုခဲ့သည်။

Source-MON

admin