နှစ်ဖက်မိဘတွေက နားလည်ပေးထားတယ်ဆိုတဲ့ အဆိုတော် ဂေးဂေးနဲ့ အလှမယ် ဆွေဇင်ထက်တို့ရဲ့ အချစ်ရေး

Last modified date

သူတို့ရဲ့ အချစ်ရေးအကြောင်းပြောပြလာပါတယ်။
အဆိုတော် ဂေဂေးနဲ့ အလှမယ် ဆွေဇင်ထက်တို့ဟာ ချစ်သူတွေ ဖြစ်နေကြတာ ၃ နှစ်တာကာလကို ရောက်ရှိနေပြီလို့ သိရပါတယ်။ တစ်ယောက်နဲ့တစ်ယောက် နားလည်မှုတွေရှိသလို စိတ်ချင်းကလည်း ထပ်တူကျတယ်လို့ဆိုပါတယ်။

အဆိုတော်ဂေဂေးနဲ့ Miss Universe Myanmar 2019 အလှမယ်လေး ဆွေဇင်ထက် တို့ရဲ့ အချစ်ရေးကတော့ အခုဆိုရင် ၃ နှစ်ကြာခဲ့ပြီလို့ သိရပါတယ်။ နှစ်ဖက်မိဘနဲ့ ဆွေမျိုးတွေကလည်း နားလည်ပေးထားတယ်လို့ Duwun Media အင်တာဗျူးမှာ ဖြေဆိုခဲ့ပါတယ်။

“ ချစ်သူသက်တမ်းကတော့ ၃ နှစ်နီးပါးရှိပြီ။ တစ်ခုကံကောင်းတာက ဂေဂေးအိမ်က မိဘတွေရော၊ သူ့အိမ်က မိဘတွေရော သိသွားတဲ့အချိန်မှာလည်း အားလုံးက နားလည်ပေးကြပါတယ်။ ဘာမှလည်းမပြောပါဘူး။ လူကြီးတွေကလည်း ဖေ့စ်ဘွတ်တွေသုံးတယ် လူငယ်ဆန်တဲ့အခါကျတော့ အော်.. အင်းအင်းပေါ့။ လက်ခံတယ်လို့လည်းမဟုတ်ဘူး၊ လက်မခံဘူးဆိုတာလည်း မဟုတ်ဘူး ဆူတာတွေလည်း မရှိပါဘူး” လို့ သူကဆိုပါတယ်။

ဂေဂေးဟာ Lesbian တစ်ယောက်လို့ ဖွင့်ပြောဖို့အတွက် သတ္တိအများကြီးမွေးခဲ့ရတယ်လို့ ပြောပါတယ်။ ဒါပေမယ့် မိန်းကလေး နှစ်ယောက်ရဲ့ စိတ်ခံစားချက်တွေဟာ ထပ်တူကျတာကြောင့်တွဲဖြစ်ပါတယ်တဲ့။ ဝေဖန်မှုရှိနေပေမယ့်လည်း စိတ်ဓာတ်ကျတာထက် နှစ်ယောက်စလုံးအဆင်ပြေဖို့က အရေးကြီးတယ်လို့ ဆိုပါတယ်။

“ လူတစ်ယောက်နဲ့တစ်ယောက်က နားလည်မှုတွေရယ်၊ စိတ်ချင်းထပ်တူကျတယ်ဆိုရင် အတူတူရှိနေရတယ်လေ။ ပြီးတော့ နှစ်ယောက်စလုံးက အဆင်ပြေတယ်ဆိုရင် ရတယ်။ တစ်ခါတလေကျရင် မေးတာရှိတယ် ဘယ်သူက ယောကျ်ားလဲ၊ ဘယ်သူက မိန်းမလဲပေါ့။ အဲဒီစကားတွေ မေးလာရင် ဂေဂေးတို့ တွေးမိတယ် ဒါမျိုးကြီးတွေ သူတို့ဘာလို့တွေးနေတာလဲ။ သူတို့ရဲ့ စိတ်ထဲမှာက ဒီယောကျ်ား၊ မိန်းမ ကိစ္စပဲရှိနေတာလား ဒီအတွေးတွေကို သူတို့ခေါင်းထဲကနေ ဘယ်လိုထုတ်ရမလဲဆိုတာတော့ အမြဲတွေးဖြစ်တယ်။ ဒါပေမယ့်လည်း ဒါကို တွေးတဲ့သူက ဒီအကြောင်းပဲတွေးနေမှာပဲလေ” လို့ ဆက်လက်ဖြေဆိုခဲ့ပါတယ်။

ဂေဂေးကတော့ Miss Universe 2019 ပြိုင်ပွဲကြီးမှာ ဆွေဇင်ထက်က သူမနဲ့ ချစ်သူတွေဖြစ်ကြောင်း ဖွင့်ပြောပြခဲ့တာလို့ဆိုပါတယ်။ ဒါကလည်း လုပ်သင့်လုပ်ထိုက်တဲ့အရာတစ်ခုကို လုပ်သွားတာဖြစ်တယ်လို့ ဆွေဇင်ထက်အပေါ် ချီးကျူးစကားဆိုခဲ့ပါတယ်။

“အကုန်လုံး သိသွားပြီဆိုတော့လည်း ပြန်ပြောပြရတာပေါ့နော်။ သူဟိုသွားပြိုင်တဲ့အခါမှာ လိုအပ်တဲ့အရာလေးတွေရှိတယ်။ အဲဒီအထဲမှာမှ LGBT ဆိုတာကလည်း လူ့အခွင့်အရေးနဲ့ပတ်သက်လို့ရှိရင် ရပ်တည်ဖို့ လိုအပ်တယ်။ သူက နိုင်ငံအတွက် ကိုယ်စားပြုသွားမယ့် လူတစ်ယောက်ဆိုတော့ ဒီအခွင့်အရေးဆိုင်ရာတွေလည်း လုပ်သင့်တယ်ပေါ့နော်။ အဲဒီမှာ သူက နိုင်ငံခြားတစ်ခုကလာတဲ့ အင်တာဗျူး ဆောင်းပါးတစ်ခုကို ဖြေလိုက်ရင်းက အကုန်သိသွားတဲ့ သဘောပါပဲ” လို့လည်း သူကပြောပါတယ်။

အဆိုတော် ဂေဂေးကိုတော့ နိုင်းဝမ်းနဲ့အတူသီဆိုထားတဲ့ ‘နင်သာရှိရင်’ ဆိုတဲ့ သီချင်းနဲ့ ပရိသတ်တွေ စတင်သိရှိခဲ့တာဖြစ်ပါတယ်။ အဲဒီနောက် တေးသီချင်းပေါင်း များစွာမှာလည်း စုံတွဲသီဆိုထားတာ တွေ့ရပါတယ်။ ဖျော်ဖြေရေးများစွာမှာလည်း သီဆိုနေရသူတစ်ဦးပါ။ အလှမယ်ဆွေဇင်ကတော့ အခုဆိုရင် အမေရိကန်နိုင်ငံ၊ဂျော်ဂျီယာပြည်နယ်၊ အတ္တလန္တာမြို့တွင်(၆၉)ကြိမ်မြောက်အဖြစ်ကျင်းပပြုလုပ်တဲ့ Miss Universe 2019 အလှမယ် ပြိုင်ပွဲကြီးကို မြန်မာနိုင်ငံကိုယ်စားပြုအဖြစ် သွားရောက်ယှဉ်ပြိုင်နေတာဖြစ်ပါတယ်။ နိုဝင်ဘာလ ၂၈ ရက်နေ့ကစပြီး မြန်မာနိုင်ငံက ထွက်ခွာခဲ့တာပါ။ ဒီဇင်ဘာလ ၁၂ ရက်နေ့ ညနေမှာတော့ မြန်မာနိုင်ငံကို ပြန်လည်ရောက်ရှိလာတော့မယ်လို့ သိရပါတယ်။

Credit : Cele Yatkwat

admin