ချစ်ရသူနဲ့ လက်ထပ်ပွဲကျင်းပတော့မယ့် နေ့လေးကို တရားဝင်ကြေငြာလိုက်တဲ့ နိုင်းဝမ်း

Last modified date

နိုင်ငံကျော် မဆိုတော် နိုင်းဝမ်းဟာ ဆိုရင် ပရိသတ်တွေ ချစ်ခင်အားပေးရတဲ့ အနုပညာရှင်တစ်ဦးပါ။ သူ့ရဲ့ သီချင်းလေးတွေက ပရိသတ်တွေ ကြားနာမည်ကြီးသလို အောင်မြင်မှုလမ်းကြောင်းပေါ်မှာ လျှောက်လှမ်းနေတဲ့ နိုင်ငံကျော် အနုပညာရှင် တစ်ဦးဆိုလည်းမမှားပါဘူး ။ ဒီတစ်ခါမှာတော့ ချစ်ပရိသတ်တွေအတွက် နိုင်းဝမ်း က ချစ်ရသူနဲ့ လက်ထပ်တော့မည့် အကြောင်းကို ဖော်ပြပေးလိုက်ပါတယ်နော်။

နိုင်းဝမ်း တို့ ချစ်သူနှစ်ဦးက ငယ်ချစ်တွေပါတဲ့ ပရိသတ်ကြီးရေ ။ ခရီးအတူသွားကြတဲ့ ပုံရိပ်ကလေးတွေကို နိုင်ဝမ်းက သူ့ရဲ့ဖေ့စ်ဘွတ်ပေါ်မှာ ဖော်ပြလေ့ရှိပတယ်။ ဒီတစ်ခါမှာတော့ နိုင်းဝမ်းက ချစ်သူနဲ့ လက်ထပ်တော့မှာ ဖြစ်ကြောင်း ခုလို ပြောထားပါတယ်။

နိုင်းဝမ်း က ” အရမ်းလိမ္မာလွန်းတဲ့ ချစ်ဇနီးလောင်းလေးနဲ့ ဟော့ပေါ့အတူစားရင်း နောက်နှစ်ဝါကျွတ် မင်္ဂလာဆောင်အတွက် ရက်ရွေးနေကြပါပြီလို့🥰🥰🥰ဒါနဲ့လေ မင်္ဂလာဆောင်ဒင်နာမှာ ဗြူးတီးအင်းသည်ပေါ့က ဟော့ပေါ့ဘူဖေးမှာကျွေးပြီး အရက်နဲ့ဘီယာအဝတိုက်လို့ရလားဟင်??🤔”

” မင်္ဂလာဆောင်ပြီးရင် အမျိုးသားဘက်ကပဲ ဆရာကြီးအမြဲဖြစ်နေအောင် ကိုယ့်စိတ်ကူးနဲ့ကိုယ် အခါတော်ပေးပြီး “အမျိုးသားနေ့”ရွေးထားတယ်🤔🤔🤔ရက်ရာဇာလဲဖြစ်၊ နှစ်ယောက်စလုံး ၉ဂဏန်းသမားတွေလဲဖြစ်လို့ ၉ရက်နေ့လေးကလှတယ်..တစ်ခုပဲ ဗုဒ္ဓဟူးညဖြစ်နေပြန်တော့ အမျိုးသားနေ့ပါဆိုမှ Lady Night က ကတ်ကင်းကိုလာဖျက်နေတယ်ကွာ” ဆိုပြီး ပြောထားပါတယ်။

နိုင်းဝမ်းတို့ ချစ်သူနှစ်ဦး ရဲ့ ပုံရိပ်ကလေးတွေကိုဆက်လက်ကြည့်ရူပေးကြပါဦးနော်။

အဆိုတော် နိုင်းဝမ်းတို့ ချစ်သူ စုံတွဲလေးရဲ့ ပုံရိပ်ကလေးတွေကို ပရိသတ်တွေသဘောကျကြမှာပါ။ ကြည့်ရူပေးကြတဲ့ ပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်နော်။

မိုမိုလေး

admin