ပျောက်ဆုံးနေတဲ့ ဆရာဝန်သားအဖအတွက် တတ်နိုင်တဲ့ဘက်ကနေကူညီခဲ့တဲ့ ပိုးအိအိခန့်

Last modified date

ရုပ်ရှင်နဲ့ ဗီဒီယို သရုပ်ဆောင်မင်းသမီးချောလေး ပိုးအိအိခန့်ကတော့ လတ်တလော မော်လမြိုင်မြို့မှာ ဖြစ်ပွားနေတဲ့ ဒေါက်တာ အေးဇော်ထွန်းနဲ့ သူ့ရဲ့သားဖြစ်သူတို့ အဆက်အသွယ်မရဘဲ ပျောက်ဆုံးနေတဲ့ ကိစ္စလေးမှာ သူ့အနေနဲ့တတ်နိုင်တဲ့ ဘက်ကနေအကူအညီလေးပေးခဲ့ပါတယ်။အဲ့တာကတော့ ဒေါက်တာ အေးဇော်ထွန်းနဲ့ သူ့ရဲ့သားဖြစ်သူတို့ပျောက်ဆုံးနေတာကြောင့် တွေ့ရင် ဆက်သွယ်ပေးဖို့ ကြော်ငြာထားတဲ့ ကြော်ငြာလေးကို သူ့ရဲ့ ပရိုဖိုင်မှာ (၁)ပတ်တိတိချိန်းပေးခဲ့တာပဲဖြစ်ပါတယ်။

ဒေါက်တာ အေးဇော်ထွန်းနဲ့ သူ့ရဲ့သားလေးဟာဆိုရင် ပြီးခဲ့တဲ့ ဒီဇင်ဘာလ (၅)ရက်နေ့က သူငယ်ချင်းတွေနဲ့စားသောက်ဆိုင်မှာစားပြီးအပြန်မှာ သားအဖနှစ်ယောက် ကားနဲ့ အိမ်ပြန်ရောက်မလာဘဲ ည (10) နာရီကတည်းကအဆက်သွယ်မရတော့တာဖြစ်တယ်လို့သိရှိရပါတယ်။အခုအချိန်အထိကိုလည်း သတင်းအတိအကျရရှိခြင်းလုံးဝမရှိသေးတာဖြစ်ပြီး ဇနီးဖြစ်သူနဲ့ ဆွေမျိုးသူငယ်ချင်းတွေက တော်တော်လေးကို စိတ်ပူစိုးရိမ်နေကြပါတယ်။

ပိုးအိအိခန့်ကတော့ မြန်မာနိုင်ငံမှာ နာမည်ကြီးတဲ့ မင်းသမီးချောလေးတစ်လက်ဖြစ်တာကြောင့် အခုလို ကြော်ငြာလေးကို ပရိုဖိုင်ချိန်းပေးလိုက်ခြင်းအားဖြင့် လူတော်တောများများက ကလေးလေးနဲ့ အဖေပျောက်ဆုံးနေတဲ့အကြောင်းကို သိရှိပြီး တွေ့ရှိရင် အကြောင်းကြားပေးဖို့အတွက် တစ်ဖက်တစ်လမ်းကနေ အကူအညီလေးဖြစ်မယ်လို့လည်း ထင်မိပါတယ်။ ပရိသတ်ကြီးရေ ပျောက်နေတဲ့ ဒေါက်တာ အေးဇော်ထွန်းနဲ့ သူ့ရဲ့သားလေးကို တွေ့ရင် ကြော်ငြာမှာပါတဲ့ ဖုန်းနံပါတ်လေးကို ဆက်သွယ်ပေးလိုက်ကြပါဦးနော်။

admin