စိတ်ဓာတ်ကျချိန်တွေမှာ အမေအတွက်ဆိုတဲ့ စိတ်လေးနဲ့ ရှေ့ဆက်ခဲ့တာဆိုတဲ့ ဖူးဝေ(သို့မဟုတ် )သံသာညီ

Last modified date

လက်ရှိပြသနေဆဲဖြစ်တဲ့ “နွေလယ်ညရဲ့လမင်း” ရုပ်သံဇာတ်လမ်းတွဲမှ ဖူးဝေဆိုတဲ့ ကာရိုက်တာလေးနဲ့ပရိသတ်တွေရဲ့ အသည်းနှလုံးကိုဖမ်းစားထားတဲ့ မျက်နှာသစ်မင်းသမီးချောလေး သံသာညီကတော့ သူရဲ့အနုပညာလောကကို စတင်ဝင်ရောက်ချိန်မှာ ကြုံခဲ့ရတဲ့ အခက်အခဲတွေကြောင့် စိတ်ဓာတ်ကျချိန်တွေမှာ အမေအတွက်ဆိုတဲ့ စိတ်လေးနဲ့ ရှေ့ဆက်ခဲ့ရတယ်လို့ ပြောပြထားပါတယ်။

သံသာညီဟာ (၁၀)တန်းစာမေးပွဲကြီးပြီးချိန်ကတည်းက အမေဖြစ်သူနဲ့ဝေးကွာတဲ့ ရန်ကုန်သို့ လာရောက်ခဲ့ပြီး ဝါသနာပါရာအနုပညာအလုပ်တွေ ကိုယ့်ဒူးကိုယ်ချွန်ကာ တစ်ယောက်ကတည်း အောင်မြင်မှုလမ်းဖောက်လာခဲ့ရတာလည်းဖြစ်ပါတယ်။သူဟာ ရှုတင်တွေမှာ အခြားအနုပညာရှင်တွေလို့ အဖော်မပါပဲ တစ်ယောက်ထဲသွားခဲ့ရပြီး တစ်ခါတစ်လေစိတ်အားငယ်လာချိန်တွေဆို အိမ်ပြန်ချင်တဲ့စိတ်တွေဝင်ခဲ့ပေမယ့် အမေဖြစ်သူအတွက် ပညာရေးမှာလည်းဂုဏ်ယူရတဲ့ သမီးတစ်ယာက်မဖြစ်ခဲ့လို့ အနုပညာလမ်းကြောင်းပေါ်မှာ အမေဂုဏ်ယူရအောင် သံသာညီဆိုပြီး အောင်မြင်အောင်ကြိုးစားရမယ်ဆိုပြီး အားတင်းခဲ့ရတယ်လို့သိရပါတယ်။အခုလို ပရိသတ်တွေက ချစ်ပြီး အားပေးတဲ့အတွက် အမေလည်း ဂုဏ်ယူနေလောက်ပြီလို့ ထင်ပါတယ်လို့ ဆိုထားပါတယ်။

ပရိသတ်ကြီးရေ ပရိသတ်အချစ်တော် ဖူးဝေ(သို့မဟုတ် )သံသာညီလေးကတော့ ဝါသနာပါရာအနုပညာအလုပ်တွေ ကိုယ့်ဒူးကိုယ်ချွန်ပြီး လမ်းတွေဖောက်ခဲ့ချိန်မှာ ကြုံခဲ့ရတဲ့ အခက်အခဲတွေကိုကြောင့် စိတ်ဓာတ်ကျချိန်တွေမှာ အမေအတွက်ဆိုတဲ့ စိတ်လေးနဲ့ ရှေ့ဆက်ခဲ့ရပါတယ်တဲ့နော်။ ပရိသတ်ကြီးရဲ့ အားပေးမှုကတော့ ဖူးဝေလေးအတွက် အားဆေးတစ်ခွက်ဖြစ်စေမှာအမှန်ပါ။

Video ကြည့်ရန်

admin