Rဇာနည် ဝမ်းကိုသွားခိုးတုန်းက တလွဲဖြစ်ရပ်တွေကိုပြောပြတဲ့ ကေညီ

သရုပ်ဆောင်ကေညီဟာ Rဇာနည်နဲ့ ငယ်စဉ်ကတည်းက ညီအစ်ကိုလိုနေခဲ့တာဖြစ်ပြီး Rဇာနည်က Rဇာနည်ဆိုပြီး ပီပီပြင်ပြင်ဖြစ်မလာခင်ကတည်းက အနားမှာရှိနေပေးခဲ့တဲ့ ပြောမနာဆိုမနာသူငယ်ချင်းကောင်းတစ်ယောက်လည်းဖြစ်ပါတယ်။ ကေညီက Rဇာနည်တို့ရဲ့ မင်္ဂလာနှစ်ပတ်လည်ပွဲမှာ Media တွေကို Rဇာနည်တို့ရဲ့ချစ်ဖို့ကောင်းတဲ့ဘဝဖြတ်သန်းပုံလေးတွေနဲ့ ဝမ်းကိုသွားခိုးတုန်းက အကြောင်းတွေကိုပြောပြထားခဲ့ပါတယ်။

ကေညီက Rဇာနည်တို့အတွဲနဲ့သံယောဇဉ်တွေကြီးမားပုံကို “သူတို့ ဘဝအစအချိန်ကတည်းက ကျွန်တော်ရှိခဲ့တယ်။ သူတို့နဲ့အတူညီအစ်ကိုမောင်နှမလိုသူငယ်ချင်းလိုကျွန်တော်နေခဲ့တယ်။ ယူပြီးသွားတော့လည်း ကျွန်တော်က တကယ့်ညီအစ်ကိုတွေလိုပဲ ဝမ်းဆိုလည်းကျွန်တော့်ညီမလိုပဲနေခဲ့တာ။ သူတို့နှစ်ယောက် ဂွတ္တလစ်မှာ ဘဝကိုစခါစလေးမှာ သူတို့ခရီးတွေသွားပြီဆိုရင် သီချင်းတွေသွားဆိုရင် ကျွန်တော့်ကို သော့တွေပေးခဲ့တာ။ကျွန်တော်ပဲသူတို့အိမ်ကိုစောင့်ရှောက်ပေးခဲ့တာ။အဲ့လိုမျိုးနေခဲ့တာပေါ့နော်”လို့ ပြောပြထားခဲ့ပါတယ်။

Rဇာနည်က ဝမ်းကိုသွားခိုးတုန်းက သူငယ်ချင်းတွေအတူလိုက်ကူညီပေးခဲ့ပြီးအဲဒီတုန်းကဖြစ်ခဲ့တဲ့အလွဲလေးတွေကိုလည်း “ဝမ်းကိုသွားခိုးတုန်းက အမှတ်တရကတော့ ကျွန်တော်တို့သူငယ်ချင်းတွေသွားကြတယ်။ မြို့ထဲမှာ အဲဒီတုန်းက နှစ်လမ်းမှာနေတယ်။တစ်ခေါက်သွားခိုးတာ အဆင်မပြေဘူး။ ဝမ်းအမေနဲ့ဝမ်းနဲ့က ဘုရားကပြန်လာတဲ့အချိန် လှေကားအတက်လေးမှာ ကျွန်တော်တို့က ကားနဲ့တစ်ခါတည်းဆွဲပြေးမယ်ဆိုပြီးလုပ်ကြတာ။ ရုန်းရင်းဆန်ခတ်တွေဖြစ်ပြီးမအောင်မြင်လိုက်ဘူးပေါ့နော်။ အဲဒီမှာ ကားထဲကို ပိုက်ဆံငါးသောင်းအုပ်တစ်အုပ်ကရောက်လာတာ ဘယ်သူ့ပိုက်ဆံလဲမေးတော့ ဘယ်သူု့ပိုက်ဆံမှမဟုတ်ဘူးဆိုတော့ သေချာသွားပြီ ဝမ်းအမေဆီကကျလာတဲ့ပိုက်ဆံပဲဖြစ်မယ်ဆိုပြီးတော့အဲဒီပိုက်ဆံကိုမုန့်ဝယ်စားကြတာ”လို့ ရယ်မောပြီးပြောပြထားပါတယ်။

Rဇာနည်နဲ့ ဝမ်းနဲ့က အရမ်းချစ်ကြပေမယ့် အရင်ကဆိုအရမ်းရန်ဖြစ်ကြတဲ့အကြောင်းကိုလည်း ကေညီက “သူတို့နှစ်ယောက်ကအရင်လိုမဟုတ်တော့ဘူး။ ကျွန်တော်တို့မျက်မြင်ပဲအရင်တုန်းက ရန်တအားဖြစ်ကြတယ်။ ရန်တအားဖြစ်တယ်ဆိုတာ သူများတွေလိုမဟုတ်ဘူး။ လက်တွေဘာတွေပါတာ။တရုတ်သိုင်းကားကြည့်နေရသလိုပဲ။ ဇာနည်ဆိုလည်းကိုယ့်ရှေ့မှာတင်တားလို့မရဘူး။ ဒါက ငယ်ရွယ်တဲ့စိတ်ပေါ့နော်။ဇာနည်ဆိုလည်း အခုက လေးဆယ်ထဲဝင်လာပြီိဆိုတော့ အရင်လိုမဟုတ်တော့ဘူး အရမ်းလိမ်မာသွားပြီ”လို့ ပြောပြထားပါတယ်။

ပရိသတ်ကြီးရော ရန်ဖြစ်လိုက်ပြန်ချစ်လိုက်နဲ့ပဲ မင်္ဂလာသက်တမ်းဆယ့်ငါးနှစ်တိုင်ကျော်ဖြတ်ခဲ့ကြပြီးအခုထိအချစ်မပြယ်နိုင်သေးတဲ့ Rဇာနည်တို့ဇနီးမောင်နှံကိုအားကျကြလား။ Rဇာနည်ကြီး အခွေအသစ်ထွက်လာရင်ရောအားပေးကြမှာလား။ ပြောခဲ့ကြဦးနော်။

Source : nanmalgyi

Facebook Comments

admin

error: Content is protected !!