ခြေပစ်လက်ပစ် ပုံစံတစ်မျိုးစီနဲ့ အိပ်မောကျနေတဲ့ လင်းလင်းတို့ သားအဖသုံးယောက်ရဲ့ အခွီပုံရိပ်များ

ပရိသတ်ကြီးရေ တေးရေး၊ တေးဆို လင်းလင်းနဲ့ အဆိုတော်၊သရုပ်ဆောင် ချစ်သုဝေတို့ရဲ့ မိသားစုလေးက မြင်သူတိုင်းအားကျချင်စရာကောင်းလောင်အောင် သာယာလှပတဲ့ဘဝလေးဖြစ်ပါတယ်။ အထူးသဖြင့် သူတို့ဇနီးမောင်နှံရဲ့ အသည်းအချာလေးတွေဖြစ်တဲ့ ခေတ်နဲ့သစ်တို့ကြောင့် အားလုံးကစိတ်ဝင်တစားနဲ ချစ်ခင်ကြတာ ဖြစ်ပါတယ်။ ချစ်စရာကောင်းလွန်းတဲ့ သမီးအမြွှာလေးတွေကလည်း ပရိသတ်အားလုံးရဲ့ ချစ်ခြင်းမေတ္တာကို ရရှိထားကြပါတယ်။

မွေးကင်းစအူဝဲလေးဘဝကစလို့ အခုအသက်တစ်နှစ်ကျော်လာတဲ့ အရွယ်လေးတွေအထိ ခေတ်လေးနဲ့ သစ်လေးတို့က စကားတွေလည်း တတ်လာသလို ပိုပိုပြီးလည်း အသည်းယားစဖွယ် ချစ်စရာကောင်းလာတာ တွေ့ရပါတယ်။ အခုလည်း ဖေဖေဖြစ်သူနဲ့ ခြေပစ်လက်ပစ် ပုံစံမျိုးစုံနဲ့ အိပ်မောကျနေတဲ့ ပုံလေးတွေနဲ့အတူ “ခေါင်းချသောနေရာသည် ခေါင်းရင်းဖြစ်ပြီး ခြေဆင်းသောနေရာသည်ခြေရင်းဖြစ်သည် “ဆိုတဲ့စာလေးနဲ့ ဖော်ပြထားတာတွေ့ရပါတယ်။လင်းလင်းတို့သားဖ ပုံတွေကြည့်ပြီး
ကြည်နူးမိသလို ရီနေရတာလည်းဖြစ်ပါတယ်။

ဖေဖေနဲ့မေမေတို့နှစ်ဦးကလည်း ကလေးတွေအပေါ်မှာ မေတ္တာအပြည့်နဲ့ စောင့်ရှောက်မှုတွေ အကောင်းဆုံး လုပ်ပေးသလို ခေတ်လေးတို့ကလည်း ဉာဏ်ကောင်းပြီး ထက်မြက်လွန်းသူလေးတွေ ဖြစ်ပါတယ်။ခေတ်လေး သစ်လေးတို့ရဲ့ ချစ်စရာဗီဒီယိုလေးတွေကလည်း ပရိသတ်တွေကြားမှာ ရေပန်းစား လူကြိုက်များတာတွေ့ရပါတယ်။ကဲ…ချစ်ပရိသတ်ကြီးတွက် သားဖသုံးယောက်ရဲ့ အိပ်နည်းမျိုးစုံ ပုံလေးတွေကို ကြည့်ရူ့နိုင်စေရန် မျှဝေပေးလိုက်ပါတယ်။

Source:Htwe Lynn ko

Facebook Comments

admin

error: Content is protected !!