ရွှေထူးရဲ့မင်္ဂလာသတင်း Surprise ကြောင့်အံ့သြပျော်ရွှင်မှုဟာ အိုဗာဖြစ်လွန်းတယ်လို့ ပရိတ်တွေဝေဖန်တာခံနေရတဲ့ ပိုပို

အဆိုတော်မလေး ပိုပိုကတော့ လက်ရှိ လူမှုကွန်ယက်စာမျက်နှာပေါ်မှာ ရေပန်းအစားဆုံးနဲ့ လူချစ်လူခင် အပေါများဆုံးသူလေးလို့ ဆိုလို့ရပါတယ်။ ပိုပိုက “ချစ်ဖူးခဲ့သမျှ” ဆိုတဲ့ တေးအယ်ဘမ်လေးနဲ့အတူ ပရိသတ်တွေရဲ့ စတင်အားပေးမှုကို ရရှိခဲ့တာဖြစ်ပါတယ်။ သီချင်းဆိုကောင်းတဲ့ ပိုပိုက ကိုယ်တိုင်လည်း သီချင်းတွေ ရေးစပ်လေ့ရှိသလို သီချင်းဗီဒီယိုလေးတွေမှာလည်း ကိုယ်တိုင်ပါဝင်သရုပ်ဆောင်လေ့ရှိတာ ဖြစ်ပါတယ်။

အခုဆိုရင်တော့ ပိုပိုက တစ်ကိုယ်တော် အခွေသစ်တွေ ထွက်ရှိထားပြီး နောက်ထပ်သီချင်းသစ်လေးတွေ ဖန်တီးနေတာ တွေ့ရပါတယ်။ အခုရက်ပိုင်းမှာတော့ ပိုပိုက ဒဂုံတက္ကသိုလ်မှာ တတိယနှစ် ဥပဒေမေဂျာစာမေးပွဲကို တက်ရောက်ဖြေဆိုနေတာ ဖြစ်ပါတယ်။ ပိုပိုက စာမေးပွဲအတွက် စာကြိုးစားရင်း သူမပရိသတ်တွေနဲ့လည်း အဆက်အသွယ် မပြတ်စေဖို့ တစ်နေ့တာ လှုပ်ရှားမှုပုံလေးတွေနဲ့ ဗီဒီယိုလေးတွေလည်း တင်ပေးနေတာ ဖြစ်ပါတယ်။

ပိုပိုကတော့ ရွှေနှစ်ရွှေ ရဲ့ မင်္ဂလာသတင်းကြောင့် Surpriseဖြစ်သွားခဲ့ပါတယ် ။ “ကိုယ့်သူငယ်ချင်းတွေ စောစောစီးစီး အိမ်ထောင်ပြုသွားတယ် ဆိုတော့.. အားကျမိပါတယ်။ သူတို့ နှစ်ယောက်ကို လိုက်တယ်လို့ ခံစားမိပါတယ်။ ချစ်စရာလည်း ကောင်းကြပါတယ်။ သူတို့ နှစ်ယောက် ပျော်မယ်ဆိုရင်တော့ Congratulation ပါ” လို့ပြောလာခဲ့ပါတယ်။

ဒါပေမယ့်ပိုပိုကတော့ ပရိတ်သတ်အချို့ရဲ့ ဝေဖန်ပြောဆိုမှုကိုခံခဲ့ရပါတယ် ။ ပိုပို ရဲ့ အံ့သြပျော်ရွှင်မှုဟာ အိုဗာ ဖြစ်လွန်းတယ်လို့ပရိတ်သတ်တွေရဲ့ ဝေဖန်မှုကိုခံနေရပါတယ်။ ပိုပိုရဲ့ ရွှေနှစ်ရွှေရဲ့မင်္ဂလာ Surprise ကြောင့် အံ့သြပျော်ရွှင်နေတဲ့ ဗီဒီယိုလေးကိုပရိတ်သတ်ကြီးအတွက်ဖော်ပြပေးလိုက်ပါတယ်နော်

Video ကြည့်ရန်

ပိုပိုကိုဝေဖန်နေကြတဲ့ ပရိတ်သတ်များ

Source:ပိုပို;

Facebook Comments

admin

error: Content is protected !!