ပရိသတ်တွေ စိတ်ဝင်တစား စောင့်စားခဲ့ရတဲ့ နေတိုးနဲ့ မင်းသွေးတို့ညီအစ်ကိုပါဝင်ထားတဲ့ ” မုန်းစွဲ ” ရုပ်ရှင်ဇာတ်ကားကြီးရဲ့ Official Trailer ဗီဒီယို

သရုပ်ဆောင် နေတိုးနဲ့ မင်းသွေးတို့ညီအစ်ကိုနှစ်ယောက်လုံး အတွဲညီညီ ပါဝင်သရုပ်ဆောင်အထားတဲ့ ” မုန်းစွဲ” ရုပ်ရှင်ဇာတ်ကားကြီးကတော့ Trailer နဲ့တင် စိတ်ဝင်စားမှု အပြည့်အဝ ပေးစွမ်းနိုင်ပါတယ်။ ဆရာတော် အရှင်ဆန္ဒာအဓိကရဲ့ ဖြစ်ရပ်မှန်တရားတော်ကို အခြေခံရိုက်ကူးထားတဲ့ ဒီဇာတ်ကားကြီးက ပရိသတ်တွေရင်ထဲကို စွဲထင်ကျန်ခဲ့စေမယ့် ဇာတ်ကားကောင်းတစ်ကား ဖြစ်ပါတယ်။ အဘက်ဘက်က ပြီးပြည့်စုံတဲ့ ရိုက်ချက်များ၊ သရုပ်ဆောင်တစ်ယောက်ချင်းစီရဲ့ ပီပြင်ထိမိတဲ့ အိုက်တင်၊ ကြည့်ရှုသူတွေကို ရသပေးစွမ်းနိုင်မယ့် ဇာတ်အိမ်ကောင်းကောင်းတို့ဖြင့် ဖန်တီးပုံဖော်ထားတဲ့ ဒီဇာတ်ကားကြီးကိုတော့ နိုဝင်ဘာလ ၁၆ ရက်နေ့မှာ တစ်နိုင်ငံလုံးတွင် ရုံတင်ပြသတော့မှာ ဖြစ်ပါတယ်။

ဒီဇာတ်ကားထဲမှာတော့ အဓိကသရုပ်ဆောင်တွေအဖြစ် ကျော်ကျော်ဗို၊ နေတိုး ၊ မင်းသွေး၊ ဖွေးဖွေး ၊ အေးသောင်းတို့က ပါဝင်သရုပ်ဆောင်ထားကြတာ ဖြစ်ပါတယ်။ နေတိုးနဲ့ မင်းသွေးတို့နှစ်ယောက်က ဒီဇာတ်ကားထဲမှာတော့ လူဆိုးလူမိုက်၊ ဓားပြညီအစ်ကိုအဖြစ် လူတိုင်းမုန်းချင်စရာကောင်းလောက်အောင် ရူးလောက်တဲ့အိုက်တင်တွေနဲ့ သရုပ်ဆောင်ထားကြတာ ဖြစ်ပါတယ်။ အချစ်ကြီးတော့ အချစ်စွဲသလို အမုန်းဓာတ်အားကြီးတဲ့အခါမှာလည်း မုန်းစွဲတတ်ကြောင်းကို ရသတွေနဲ့ပြသထားနိုင်တာ တွေ့ရပါတယ်။

အခုလည်း ပရိသတ်တွေ အထူးမျှော်လင့်တစား စောင့်စားခဲ့ရတဲ့ ”မုန်းစွဲ ”ရုပ်ရှင်ဇာတ်ကားကြီးက Official Trailer ထွက်လာခဲ့ပြီ ဖြစ်ပါတယ်။ ဒီဗီဒီယိုလေးမှာတော့ ကြည့်ရှုသူတိုင်း အံသြမှင်သက်စေလောက်အောင် ဖန်တီးမှုကောင်းကောင်းတွေနဲ့ ဆွဲဆောင်နိုင်စွမ်းတွေ ပြည့်ဝနေတာ တွေ့ရပါတယ်။” မုန်းစွဲ ”ဇာတ်ကားကြီးက စိတ်ဝင်စားစရာ ဇာတ်လမ်းတစ်ပုဒ်ဖြစ်သလို ရုပ်ရှင်လောကမှာပါ မှတ်တိုင်စိုက်ထူနိုင်မယ့် ဇာတ်ကားကောင်းတစ်ကားပဲ ဖြစ်ပါတယ်။ ဒါ့အပြင် ဒီဇာတ်ကားကြီးက စင်ကာပူနိုင်ငံနဲ့ မြန်မာနိုင်ငံမှာ တစ်ပြိုင်နက်တည်း ပြသခွင့်ရတဲ့ ပထမဆုံးဇာတ်ကားကြီး ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် ”မုန်းစွဲ” ရုပ်ရှင်ဇာတ်ကားကြီးရဲ့ Official Trailer Video ကို အောက်မှာ တင်ဆက်ပေးလိုက်ပါတယ်နော်။

Video ကြည့်ရန်

Source: မုန်းစွဲ ရုပ်ရှင်ဇာတ်ကားကြီး FB Page

Facebook Comments

admin

error: Content is protected !!