ရွှေထူးက ကလေးအဖေ အရင်ဖြစ်တော့မှာလို့ပြောလိုက်တဲ့ X Box

မနေ့ကမှ ရုတ်တရက်ကြီးထွက်လာခဲ့တဲ့ ရွှေထူးနဲ့ရွှေမှုံတို့လက်ထပ်တော့မယ့်သတင်းဟာ တစ်နိုင်ငံလုံးကပရိသတ်တွေကိုရော ရွှေထူးတို့နဲ့ရင်းနှီးတဲ့ အနုပညာရှင်တွေကိုပါ တအံ့တသြဖြစ်သွားစေခဲ့တာပါ။ ရွှေနှစ်ရွှေက နှစ်ပါးဂဟေဆက်မယ့်အစီအစဉ်ကို လာမယ့် နိုဝင်ဘာလ 11 ရက်နေ့မှာ အင်းလျားလိတ်ဟိုတယ်မှာအကောင်အထည်ဖော်တော့မှာဖြစ်ပါတယ်။ရွှေထူးနဲ့ရွှေမှုံဟာ မနေ့ကပဲ လက်မှတ်ရေးထိုးလက်ထပ်ပြီးသွားပြီဖြစ်ပြီး ရွှေမှုံရတီက လက်မှတ်ရေးထိုးနေစဉ်မှာ ပျော်ရွှင်မှုအရှိန်နဲ့ မျက်ရည်ကျခဲ့ရှာပါသေးတယ်။ ရွှေထူးနဲ့ရင်းနှီးတဲ့သူငယ်ချင်းတစ်ယောက်ဖြစ်တဲ့အဆိုတော် X Boxing က ရွှေထူးတို့မင်္ဂလာသတင်းနဲ့ပတ်သက်ပြီး စိတ်ခံစားချက်တွေနဲ့အမြင်တွေကို MC နဲ့ Interview မှာပြောသွားပါတယ်။

X Box က ရွှေထူးတို့နှစ်ယောက်က အနုပညာလုပ်ကိုင်နေတဲ့အရွယ်ကောင်းတုန်းအချိန်မှာ လက်ထပ်ရဲတဲ့သတ္တိရှိတာလေးစားပါတယ်ဆိုပြီးတော့ “ဒီအနုပညာဆိုတာ သူတို့လုပ်ကိုင်နေကြတာ တကယ် ပင်မအရင်းအမြစ်ကြီးပေါ့။ ပရိသတ်တွေကလည်း တစ်နိုင်ငံလုံးကလည်းသိနေတဲ့လူတွေဖြစ်တယ်ဆိုတော့ ဒါတွေကိုတောင်မမှုပဲ အချစ်ကိုဦးစားပေးကြတဲ့အတွက်ကျွန်တော်ကတော့ သူတို့ဆုံးဖြတ်ချက်ကိုလေးစားပါတယ်။ ကျွန်တော်ဆိုရင် အဲလိုသတ္တိမျိုးမရှိသေးပါဘူး။ “လို့ ပြောထားပါတယ်။

ရွှေထူးက ကလေးအဖေအရင်ဖြစ်မှာဆိုပြီးတော့ X Box က “အသက်ကတော့ကျွန်တော်က ရွှေထူးထက်လပိုင်းလောက်ကြီးပေမယ့် ရွှေထူးကတော့ ကလေးအဖေအရင်ဖြစ်တော့မှာပေါ့လေ။ ရွှေထူးရဲ့ကလေးကတော့ အမှန်အတိုင်းပြောရင် ဘယ်လိုပြောရမလဲ ဘယ်လိုပြောရမလဲ..သူ့လိုမျိုးပဲ.. ဟဲဟဲဟဲ.. ရွှေထူးကနည်းနည်းကြမ်းတယ်။အမှန်အတိုင်းပြောရရင်သူယူလိုက်တော့မှ ဦးလေးအရွယ်ရောက်သွားတယ်ဆိုပြီးတော့ ကျွန်တော်ကတော့ ခံစားရတော့မှာပေါ့”လို့ ရယ်မောရင်းဖြေကြားထားပါသေးတယ်။

X Box က ရွှေထူးတို့အတွက် မင်္ဂလာဆုမွန်ကောင်းကိုလည်း “ဒါဟာ အချစ်နှစ်ခုထပ်တူကျပြီး တည်ဆောက်ထားတဲ့အိမ်ထောင်ရေးဖြစ်တဲ့အတွက် ရွှေရတု၊ငွေရတု၊စိန်ရတုတိုင်အောင်ပေါင်းသင်းနိုင်ပါစေ ကျွန်တော့်သူငယ်ချင်းရော ညီမလေးရွှေမှုံရတီရော ကျွန်တော်ဆုတောင်းပေးပါတယ်”လို့ လည်းပြောထားပါတယ်။

X Box က အချစ်ဆုံးသူငယ်ချင်းရွှေထူးရဲ့ပုံစံကို “ကျွန်တော်နဲ့ရွှေထူးနဲ့က အရမ်းခင်လွန်းပြီးတော့ ကိုက်တာ။ သူက ကျွန်တော်တို့လိုပဲ ပွင့်ပွင့်လင်းလင်းသမား။ မကျေနပ်ရင်မကျေနပ်ဘူး ပွင့်ပွင့်လင်းလင်းပြောတယ်။ စိတ်ထဲမှာမြုံထားတာမျိုးမရှိဘူး။ ကူညီလို့ရတဲ့ကိစ္စမှန်သမျှ မဖြစ်နိုင်တဲ့ကိစ္စမှန်သမျှ သူရအောင်ကူညီတယ်။ ပြီးတော့ နောက်တစ်ခုက အလုပ်အရမ်းကြိုးစားတယ်။ ကျွန်တော်ဆိုရင် နည်းနည်းပျင်းတယ်ဗျ” လို့ ပြောပြထားပါတယ်။

ပရိသတ်ကြီးရော.. ရွှေထူးနဲ့ရွှေမှုံတို့နှစ်ယောက်ကိုသဘောတူကြလား။ X Box ပြောသလိုပဲ ရွှေထူးက ကလေးအဖေဖြစ်တော့မှာလို့ရော ထင်လား။ပြောခဲ့ကြဦးနော်။

Source : nanmalgyi

Facebook Comments

admin

error: Content is protected !!