အိပ်မက်လာပေးခဲ့တဲ့ မင်းသွေးရဲ့ဆန္ဒကို ဖြည့်ဆည်းပေးသွားမယ်ဆိုတဲ့ မိခင်ဒေါ်သန်းမြိုင်

နိုဝင်ဘာလ (၃) ရက်နေ့လေးဟာ သရုပ်ဆောင် မင်းသွေးကွယ်လွန်သွားခဲ့တာ (၁) လပြည့်သွားတဲ့နေ့လေးဖြစ်ပါတယ်။ အောက်တိုဘာလ (၃) ရက်နေ့မှာ ရုတ်တရက်နှလုံးဖောက်ပြီး ကွယ်လွန်သွားခဲ့တဲ့ မင်းသွေးကို နှမြောတသ ဝမ်းနည်းဖြစ်ခဲ့ရသူတွေ ယနေ့အချိန်ထိ ရှိနေကြဆဲပါပဲ။ အနုပညာကြယ်ပွင့်တစ်ပွင့်လွင့်ကြွေသွားခဲ့ရပြီး သူပါဝင်ရိုက်ကူးထားတဲ့ဇာတ်ကားတွေ ရုံတင်မပြသခင်မှာပဲ ကွယ်လွန်သွားခဲ့လို့ ပရိသတ်တွေလည်း ဝမ်းနည်းခဲ့ရပါတယ်။ ယနေ့ တစ်လပြည့်နေ့လေးမှာတော့ သာကေတ၊ ဝါဝါဝင်းအိမ်ယာမှာ တစ်လပြည့် ကုသိုလ်လေးပြုလုပ်ခဲ့ပါတယ်။

သာကေတ၊ ဝါဝါဝင်းအိမ်ယာမှာ သရုပ်ဆောင်မင်းသွေးရဲ့ တစ်လပြည့် ကုသိုလ်

ကွယ်လွန်သွားတဲ့ မင်းသွေးဟာ အရီးကိုလည်း အိပ်မက်လာပေးခဲ့တယ်လို့ ဆိုပါတယ်။ အရီးရဲ့ ဖြေကြားချက်အရ “သုံးလေးငါးစုံလောက် ယူထားလိုက် ကျန်တဲ့ဟာတွေကို မရှိဆင်းရဲသားတွေကို အကုန်လုံးလှူလိုက်ပါ နောက်ပီး ညီအခန်းမှာလည်း ဘယ်သူမဆို ဝင်အိပ်လို့ရတယ် အရင်တုန်းကဆို သူ့အခန်း ဘယ်သူမှ ဝင်လို့မရဘူး အခုဆိုရင် အမေရေ ဘယ်သူမဆိုဝင်အိပ်လို့ရတာပေါ့နော်။ အဲဒါနဲ့ အရီးပီနံအိတ် ၅ အိတ်စာလောက် ထက်ဝက်လောက်ရှိမှာပေါ့ အရင်လှူလိုက်တယ်” လို့ အိပ်မက်လာပေးခဲ့ပုံကို ပေါ်ပြူလာဂျာနယ်ရဲ့အင်တာဗျူးမှာ ဖြေကြားခဲ့ပါတယ်။

သရုပ်ဆောင် မင်းသွေးတစ်ယောက် ပရိသတ်တွေကို ခွဲခွာသွားခဲ့တာ တစ်လပြည့်သွားခဲ့ပါပြီ။ မိသားစုတွေနဲ့ ပရိသတ်တွေပေးတဲ့ ကုသိုလ်တွေနဲ့အတူ သရုပ်ဆောင် မင်းသွေးတစ်ယောက်ကောင်းရာမွန်ရာဘဝကို ရောက်ရှိသွားပါစေလို့….

Source : We Love Cele
Photos-Popular Journal

Facebook Comments

admin

error: Content is protected !!