ချစ်ခြင်းမေတ္တာအပြည့်နဲ့ ပကာသနတွေမပါတဲ့ ရွှေထူးနဲ့ ရွှေမှုံတို့ရဲ့ ကြည်နူးစရာ ညစာစားပွဲပုံရိပ်လေးတွေ

ပရိသတ်တွေရဲ့ အားကျချစ်ခင်မှုတွေကို အခိုင်အမာရရှိထားတဲ့ နာမည်ကျော် အနုပညာရှင်ဆယ်လီစုံတွဲလေးတွေထဲမှာ ရွှေထူးနနဲ့ ရွှေမှုံတို့ စုံတွဲလေးကတော့ ပရိသတ်တွေကို Surprise အကြီးကြီး ပေးလိုက်ပါတယ်နော်..။

ပရိသတ်တွေကို မယုံနိုင်လောက်အောင် အံသြစေခဲ့တဲ့ သူတို့ ချစ်သူစုံတွဲလေးကတော့ ပြီးခဲ့တဲ့ အောက်တိုဘာ(၃၀)ရက်နေ့ကပဲ စေ့စပ်ပွဲလေး ကျင်းပပြုလုပ်ခဲ့တာ ဖြစ်ပြီး မကြာခင်မှာပဲ ရွှေလက်တွဲပြီး လက်ထပ်မင်္ဂလာပွဲလေး ပြုလုပ်တော့မှာ ဖြစ်ပါတယ်..။

စေ့စပ်လိုက်တဲ့ အကြောင်းလေးကို ကိုယ်တိုင်တရားဝင်မကြေညာခင်လေးမှာပဲ လက်ထပ်လိုက်ပြီဆိုတဲ့ ကောလဟာလတွေ ထွက်ရှိလာခဲ့ပြီး နိုဝင်ဘာ(၂)ရက်နေ့လေးမှာ သက်ဆိုင်ရာလူမှုကွန်ယက်စာမျက်နှာကနေ သူတို့ရဲ့ မင်္ဂလာသတင်းလေးကို ပရိသတ်တွေကို တရားဝင် အသိပေးကြေညာလိုက်ပါတယ်..။

လိုက်ဖက်ညီပြီး ချစ်စရာကောင်းတဲ့ သူတို့စုံတွဲလေးကတော့ စေ့စပ်ပွဲလေးတုန်းက ကြည်နူးပျော်ရွှင်စရာ ပုံရိပ်လေးတွေကိုလည်း ပရိသတ်တွေကို ကိုယ်စီပြန်လည်မျှဝေခဲ့တာမို့ တကယ့်ကို လိုက်ဖက်ညီပြီး ကြည်နူးပျော်ရွှင်စရာလေးပါပဲနော်..။

အခုတစ်ခါမှာလည်း ကမ်းခြေတစ်ခုမှာ ပျော်ပျော်ရွှင်ရွှင်ကြည်ကြည်နူးနူးလေး ညစာ စားနေတဲ့ အားကျကြည်နူးစရာ ပုံရိပ်လေးတွေနဲ့ ပရိသတ်တွေကို အပျော်လေးတွေ ကူးစက်စေပြန်ပါတယ်..။

မကြာခင်ရွှေလက်တွဲပြီး မိသားစုကမ္ဘာလေး တည်ဆောက်တော့မယ် ရွှေထူးနဲ့ ရွှေမှုံရတီတို့ရဲ့ ပကာသနတွေမပါတဲ့ ကြည်နူးစရာ ညစာစားပွဲပုံရိပ်လေးတွေကလည်း တစ်ယောက်ကိုတစ်ယောက် ချစ်ခြင်းမေတ္တာအပြည့်နဲ့မို့ တကယ်ကို အားကျကြည်နူးစရာလေးပါပဲနော်..။

Photo – We Love Shwe Htoo၊ Linn Zaw Ko Ko

Facebook Comments

admin

error: Content is protected !!