မင်းသွေး တစ်လပြည့် ဆွမ်းကျွေးတရားနာ အလှူသို့ လာကြတဲ့ အနုပညာရှင်တွေရဲ့ ပုံရိပ်လေးတွေ

နိုဝင်ဘာလ (၃) ရက်နေ့လေးဟာ သရုပ်ဆောင် မင်းသွေးကွယ်လွန်သွားခဲ့တာ (၁) လပြည့်သွားတဲ့နေ့လေးဖြစ်ပါတယ်။ အောက်တိုဘာလ (၃) ရက်နေ့မှာ ရုတ်တရက်နှလုံးဖောက်ပြီး ကွယ်လွန်သွားခဲ့တဲ့ မင်းသွေးကို နှမြောတသ ဝမ်းနည်းဖြစ်ခဲ့ရသူတွေ ယနေ့အချိန်ထိ ရှိနေကြဆဲပါပဲ။ အနုပညာကြယ်ပွင့်တစ်ပွင့်လွင့်ကြွေသွားခဲ့ရပြီး သူပါဝင်ရိုက်ကူးထားတဲ့ဇာတ်ကားတွေ ရုံတင်မပြသခင်မှာပဲ ကွယ်လွန်သွားခဲ့လို့ ပရိသတ်တွေလည်း ဝမ်းနည်းခဲ့ရပါတယ်။ ယနေ့ တစ်လပြည့်နေ့လေးမှာတော့ သာကေတ၊ ဝါဝါဝင်းအိမ်ယာမှာ တစ်လပြည့် ကုသိုလ်လေးပြုလုပ်ခဲ့ပါတယ်။

သရုပ်ဆောင် မင်းသွေး ကွယ်လွန်ခြင်း (၁) လပြည့် အလှူကို ရန်ကုန်၊ ဝါဝါဝင်းအိမ်ယာမှာ ပြုလုပ်ခဲ့ပါတယ်။ ကျန်ရစ်သူ မိသားစုများက မင်းသွေး အတွက် ရည်စူးပြီး ရေစက်ချ တရားနာ အလှူပြုလုပ်ပေးခဲ့ပါတယ်။

မင်းသွေး တစ်လပြည့် ဆွမ်းကျွေးတရားနာ အလှူကိုအနုအညာရှင်တွေလဲလာခဲ့ကြပါတယ်။မင်းသွေး တစ်လပြည့် ဆွမ်းကျွေးတရားနာ အလှူသို့ လာကြတဲ့ အနုပညာရှင်တွေရဲ့ ပုံရိပ်လေးတွေကို ပရိတ်သတ်ကြီးအတွက်ဖော်ပြပေးလိုက်ပါတယ်နော်။

Source : MC & Cele yatkwat

Facebook Comments

admin

error: Content is protected !!