မင်္ဂလာပွဲမတိုင်ခင် ပိုပိုပြီးအလှသွေးကြွယ်လာတဲ့ သတို့သမီးလောင်းလေး ရွှေမှုန်ရတီရဲ့ ကြွေလောက်စရာ ပုံရိပ်များ

ရွှေမှုန်ရတီလေးဟာ လာမယ့် ၁၁ ရက်နေ့မှာတော့ သူမရဲ့ မင်္ဂလာပွဲကို အင်းယားလိတ်ဟိုတယ်မှာ ကျင်းပပြုလုပ်တော့မှာဖြစ်ပါတယ်။ ရွှေနှစ်ရွှေရဲ့ မင်္ဂလာပွဲသတင်းဟာ ရုတ်တရက်ဆိုသလိုဖြစ်ခဲ့ပေမယ့် သူမတို့နှစ်ဦးရဲ့ ပရိသတ်တွေကတော့ အားပေးကြိုဆိုမှုတွေနဲ့ ဂုဏ်ပြုခဲ့ကြပါတယ်။ အနုပညာရှင်တွေရဲ့ ဂုဏ်ပြုမှုတွေနဲ့အတူ မကြာမီရက်ပိုင်းအတွင်းမှာ မင်္ဂလာပွဲကို ခမ်းခမ်းနားနားကျင်းပတော့မှာဖြစ်ပါတယ်။ မင်္ဂလာပွဲမတိုင်ခင် သတို့သမီးလောင်းလေးတွေဟာ ပိုပိုပြီးအလှသွေးကြွယ်လာတတ်ကြပါတယ်။

Huawei ပွဲကို တက်ရောက်လာတဲ့ သတို့သမီးလောင်းလေးရွှေမှုန်ရတီရဲ့ အနက်ရောင် Dress နဲ့ပုံရိပ်တွေဟာ မြင်ရသူအဖို့ ရင်သပ်ရှုမောဖွယ်ကောင်းလှပါတယ်။ မကြာခင်မှာ အိမ်ထောင်ပြုတော့မယ့် ရွှေမှုန်ရတီရဲ့ အလှအပတွေကို ခံစားကြည့်ရှုနိုင်ဖို့ အလန်းစားပုံရိပ်တွေနဲ့အတူ ဖော်ပြလိုက်ပါတယ်။

ရွှေမှုန်ရဲ့အလှမှာ နစ်မျောနေပြီလား ပရိသတ်ကြီးရေ ပုံလေးတွေ ကျန်သေးတယ်နော်။

တကယ့်ကို လှသွေးကြွယ်နေတဲ့ ရွှေမှုန်လေး ရွှေထူးနဲ့အတူ နောင်နှစ်ပေါင်းများစွာတိုင် ပျော်ပျော်ရွှင်ရွှင်နဲ့ နေနိုင်ပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်နော်။

source : We Love Cele
Photos-Nay Min Tun

Facebook Comments

admin

error: Content is protected !!