ရွှေမှုန်အိပ်ရင် ဘေးနားမှာ ဘယ်သူရှိစေချင်လဲဆိုတဲ့ အပေါ်မူတည်တယ်ဆိုတဲ့ ဂျွန်လွင်

မြန်မာနိုင်ငံရဲ့ ထိပ်တန်း event organizerတစ်ဦးဖြစ်ပြီး eventကောင်းပေါင်းများစွာကို စီစဉ်နိုင်ခဲ့တဲ့ ရွှေမှုန်ရတီရဲ့ ဆရာဖြစ်သူ ဂျွန်လွင်ကတော့ မကြာခင်မှာ လက်ထပ်တော့ မယ့်တပည့်ဖြစ်သူ ရွှေမှုန်ရတီအတွက် အိမ်ထောင်သည် ဘဝကိုရောက်တော့မှာ ဖြစ်တဲ့အတွက်ကြောင့် ပိုက်ဆံကို ပိုက်ဆံနဲ့ တူအောင်ရှာဖို့အတွက် အကြံပေးစကားကို Sunday journalရဲ့ အင်တာဗျူးကတစ်ဆင့် ပြောသွားခဲ့ပါတယ်။

ဂျွန်လွင်က “ကျွန်တော် မနေ့ညကမှ စသိတာ ကျွန်တော်ဆို မယုံဘူးလို့ မဟုတ်ဘူးလို့ပဲ အမြဲတမ်းပြောတယ် ဒါပေမဲ့ ဒီနေ့မနက်ကတော့ သူကိုယ်တိုင်လည်း ဖိတ်စာတင်လိုက်တယ်ပေါ့နော် တင်လိုက်ပြီးတော့ သူကိုယ်တိုင်လည်း ကျွန်တော်ဆီဆက်လာတယ် ဆရာတဲ့ သမီးမင်္ဂလာဆောင်တော့မယ်တဲ့ အဲ့လိုကြတော့ ကျွန်တော်ကတော့ စဉ်းစားတယ် ဟယ်အဲ့လိုဆိုရင်တော့လို့ ငါနင့်ကို တစ်ခုပဲ မှာလိုက်မယ်လို့ နင်အင်တာဗျူးတွေ ဖြေတဲ့အချိန်ပေါ့နော် ကျွန်မအလုပ်ကို အလုပ်နဲ့တူအောင်လုပ်ပါတော့မယ် ကျွန်မတစ်ချိန်က ဖြစ်ပျက်ခဲ့တာတွေ ဆိုးခဲ့တာတွေအကုန်လုံးကို မေ့ပျောက်ပြီးတော့ နော် ကျွန်မလူကြီးဖြစ်ပါပြီ တကယ်အလုပ်ကိုလည်း အလုပ်နဲ့ တူအောင် လုပ်ပါမယ်ဆိုပြီးတော့ စကားတစ်ခုကို နင်ထည့်ဖြေရမယ်နော်လို့ ဘာဖြစ်လို့လဲ ဆိုတော့ နင်အိမ်ထောင်ပြုတော့မယ့်အတွက်ကြောင့် ပိုက်ဆံက ကိုယ့်ဘာသာကိုယ်ရှာရတော့မှာလေလို့ ဘယ်သူမှလည်း အလကား လာမပေးဘူး ပိုက်ဆံက မိုးပေါ်ကနေကျလာတာမဟုတ်ဘူးလို့ ချူဆီကားထဲမှာဆိုရင် စိုးမိုးကြည်ပြောတာကို အရမ်းကြိုက်တယ် ဘာလဲဆိုတော့ ဟဲ့သူများပိုက်ဆံလိုချင်တယ်ဆို ထိုင်ပြီး ဆုတောင်းနေရင်တော့ မရဘူး နင်တို့ရင်းမှပဲ ရမှာတဲ့။ အဲ့လိုမျိုးတွေကြောင့် သူ့ကို သေချာမှာဖြစ်ပါတယ်။ “လို့ ပြောသွားခဲ့ပါတယ်။

ရွှေမှုန်ရတီကိုရော နှမြောမိတဲ့ စိတ်ဖြစ်မိလားလို့ မေးမြန်းလိုက်ရာ ဂျွန်လွင်က”ဒါပေမဲ့ အမရယ် ဘယ်လိုပြောရမလဲ ဒါလူငယ်တွေလည်း ဖြစ်တယ် သူတို့ တကယ်ရေစက်ပါလို့ တကယ်ဖူးစာပါလို့ တစ်ယောက်နဲ့ တစ်ယောက် မတွေ့ရမနေနိုင် သူမရှိရင် မနေနိုင်တဲ့ ဘဝတောင် ရောက်ကျတယ်ဆိုတော့ သူတို့ဆုံးဖြတ်တဲ့ အခါ ကျွန်တော်တို့ အနေနဲ့ ဘာပြောပိုင်ခွင့်ရှိမှာလဲ ကျွန်တော့်အနေနဲ့ ပြောချင်တာကတော့ ဘယ်လိုခေါ်မလဲ သူ့ပရိသတ် ကိုယ့်ပရိသတ်တွေကပေါ့နော် မကြိုက်လို့ ဆဲကြတာပြုကြတာကို ကျွန်တော်က ပြောချင်တာက သူတို့ကို ချစ်ရင် လူကို ချစ်တာထက် သူတို့ရဲ့ အနုပညာကို ချစ်လို့ပဲ ဖြစ်လာကြတာလေ လမ်းဘေးမှာ လမ်းလျှောက်နေတဲ့ လူတစ်ယောက်ကို ချစ်တယ်ဆိုတဲ့ လူက တစ်ယောက်နှစ်ယောက်ပဲ ရှိမှာလေ သူတို့ အနုပညာကို ကြည့်ပြီးတော့ ချစ်လာကြတဲ့ အနုပညာရှင်တွေ ဖြစ်တဲ့ အတွက်ကြောင့် သူတို့ရဲ့ အနုပညာတွေကိုပဲ အားပေးကြပါ ပုဂ္ဂိုလ်ရေးရာကို မတိုက်ခိုက်ကြပါနဲ့ ကျွန်တော် နောက်ထပ် ပြောချင်တာက ရွှေထူးအိပ်ရင်လည်း သူ့ဘေးနားမှာ ဘယ်သူ့ကို ရှိစေချင်လည်း ရွှေမှုန်ရတီအိပ်ရင် သူ့ဘေးနားမှာ ဘယ်သူရှိစေချင်လဲ ပေါ်မှာ မူတည်ပြီးတော့ အိမ်ထောင်တစ်ခု ဖြစ်တည်လာကြတာပေါ့နော် အဲ့ အိမ်ထောင်တစ်ခုကို အားလုံးလည်း လက်ခံပေးကြပါလို့ သူတို့ အိမ်ထောင်ရေးလည်း ရေရှည်တည်တံ့မြဲကြပါစေလို့ ကျွန်တော် ဆုတောင်းပေးပါတယ်။” လို့ ဖြေဆိုသွားခဲ့ပါတယ်။

ရွှေမှုန်ရတီကို ဘယ်လိုမျိုး အကြံလေးတွေ ပေးဖြစ်လဲလို့ မေးမြန်းခဲ့ရာ” ကျွန်တော်ကတော့ အဓိက အိမ်ရှင်မတစ်ယောက်ရဲ့ တာဝန်ဆိုတာ ကျွန်တော်လည်း မသိဘူးလေ ကျွန်တော်လည်း မဖြတ်သန်းဖူးတော့ မသိဘူး ဒါပေမဲ့ အဓိကကတော့ ကျွန်တော်က စီးပွားရေးလုပ်တဲ့ လူဆိုတော့ အလုပ်လုပ်တဲ့ အခါငွေရှာတဲ့အခါ စနစ်တကျဖို့နဲ့ companyတွေနဲ့ လိုက်လျောညီထွေနေဖို့ နောက် companyတွေရဲ့သဘောကို ကြိုက်ဖို့ ကိုယ်လုပ်ပေးနိုင်တာနဲ့ မလုပ်ပေးနိုင်တာကို မလုပ်ပေးခင်ထဲက ပွင့်ပွင့်လင်းလင်းညှိဖို့ ပိုက်ဆံကို ပိုက်ဆံနဲ့တူအောင်ရှာဖို့ ပိုက်ဆံကို ထိန်းသိမ်းတတ်ဖို့ အဲ့တာတွေတော့ သင်ပေးလိုက်ပါတယ်။”လို့ ဂျွန်လွင်ကပြောခဲ့ပါတယ်။

ရွှေမှုန်ရဲ့ မင်္ဂလာပွဲနဲ့ပတ်သက်ပြီး ဝေဖန်မှုတွေကို ဘာပြောချင်လဲလို့ မေးမြန်းရာ”ကျွန်တော် ခုနက ပြောသလိုပေါ့ တစ်ခါတစ်လေကျရင် ဘဝတစ်ခုမှာ ရေစက်က ဆုံသွားတဲ့ အခါကျရင် မဖြစ်မနေ ဒီလူနှစ်ယောက်က အတူတူရှိမှရမယ်ဆိုပြီး ဆုံးဖြတ်လိုက်ရတာမျိုးတွေရှိတယ် ကျွန်တော့်အနေနဲ့ ဘာမှပြောစရာမလိုဘူးလေ သူ့ဘာသာသူ ဘယ်လိုပဲ ဝေဖန်ဝေဖန် သူတို့ရဲ့ အနုပညာလုပ်ငန်းကိုပဲ ချစ်ကြပါလို့ ကျွန်တော် ပြောချင်ပါတယ်။ သူတို့ကို မြင်ပြီးတော့ သူတို့ရဲ့ ငယ်ကျိုး ငယ်နာတွေကို ဖော်နေမယ့်အစား သူတို့ရှေ့ဆက်ပြီး လုပ်မယ့် အနုပညာတွေကို အားပေးကြပါ သူတို့က အနုပညာနဲ့ လုပ်စားကြမှာလေ အဲ့တော့ အနုပညာကို အားပေးကြပါ။ သူတို့လုပ်ပြတဲ့ အနုပညာကိုပဲ ကောင်းတယ် မကောင်းတယ် ဝေဖန်ကြပါလို့ ကျွန်တော် ပြောချင်ပါတယ်။”လို့ပြောခဲ့ပါတယ်။

Source : nanmalgyi

Facebook Comments

admin

error: Content is protected !!