အစ်ကိုဖြစ်သူ နေတိုး Viber ကနေ ပို့တဲ့နောက်ဆုံးစာကို ဖတ်မသွားလိုက်ရတဲ့ မင်းသွေး

နေတိုးရဲ့ ညီဖြစ်သူ သရုပ်ဆောင်မင်းသွေးဆုံးတာ တစ်လပြည့်ပြီဆိုပေမယ့် မနေ့တစ်နေ့ကလိုပါပဲ။ ပြီးတော့ သေသောသူကြာရင်မေ့ဆိုပေမယ့် သူ့ရဲ့ အနုပညာလှုပ်ရှားမှုတွေက တိုက်တိုက်ဆိုင်ဆိုင်ဆိုသလို ဒီလထဲမှာ အမှတ်တရတွေပိုများနေတာလည်း ဖြစ်ပါတယ်။

သူစင်ကာပူမသွားခင် ထမင်းစားခန်းမှာ မနက်စာစားရင်းဆုံတယ်၊ ကျွန်တော်တို့ညီအစ်ကိုက ရှုတင်သွားတဲ့အချိန်တွေက တူနေတော့ မနက်စာစားတာနဲ့ ဘုရားခန်းတက်တဲ့အချိန်တူတာများတယ်။ သူစင်ကာပူသွားပြီး စတူရီယိုအတွက် Audio ပစ္စည်းတွေဝယ်ဖို့ လိုအပ်တဲ့ဘတ်ဂျက်တွေ ညှိနှိုင်းဖြစ်တယ်။ အဲဒါက သူနဲ့နောက်ဆုံးဆုံဖြစ်တာပေါ့။

စင်ကာပူကိုရောက်တော့ Viber ကနေ သူဘာတွေဘာတွေဝယ်ထားတယ်ဆိုတာလေးတွေ Voice Message လေးပေးထားတာပေါ့။ ကျွန်တော်ပြန်ပို့တာတောင် သူပြန်မကြည့်သွားပါဘူး။

ပြီးတော့ ဒီနှစ်ထဲမှာ သူ့ရဲ့ အနုပညာလှုပ်ရှားမှုတွေဖြစ်တဲ့ မုန်းစွဲတို့၊ သတ်ကွင်းတို့လိုမျိုးတွေ တစ်ခုပြီးတစ်ခု ဆက်တိုက် ထွက်လာဖို့ရှိနေပါတယ်တဲ့။ အစ်ကိုဖြစ်သူနေတိုးက မျက်ရည်မကျဘူးလားဆိုရင် ကျမယ်ဆို ကျလို့ရတယ်၊ ကျမယ်ဆိုတဲ့စိတ်ကို ထိန်းချုပ်နိုင်တဲ့ လေ့ကျင့်မှုမျိုးနဲ့ ဒီလိုဝမ်းနည်းပူဆွေးမှုတွေကို တတ်နိုင်သလောက် ထိန်းချုပ်နိုင်ရမယ်ဆိုတဲ့ အသိနဲ့ စိတ်ကိုပြန်ပြီး ထိန်းချုပ်နိုင်လိုက်တယ် လို့ဖြေပါတယ်။

သူ့ရဲ့ အနုပညာလုပ်ငန်းတွေကျန်နေတာ ကျွန်တော်ဆက်လုပ်ပေးသွားဖို့လည်း ရှိတယ်။ သူရခိုင်မှာ တည်ခဲ့တဲ့ဘုရားလည်း မွေးရပ်မြေဇာတိမှာ ရေစက်ချဖို့ရှိတယ်။ သူ့အခန်းက ကုတင်တွေ ဘာတွေတော့မရှိတော့ဘူး ဒါပေမယ့် ဒီတိုင်းလေးပဲ ဆက်ပြီးထားထားပေးပါတယ်လို့ နေတိုးကပြောပါတယ်။

Credit-Legend Media

Facebook Comments

admin

error: Content is protected !!