အမြတ်တနိုးတန်ဖိုးထားခဲ့ရတဲ့ ဆံပင်တွေကို ဖြတ်ပြီး လှူဒါန်းလိုက်တဲ့ မင်းသမီးချောလေးနန်းစန္ဒာလှထွန်း

အရိပ်ဇာတ်ကားလေးနဲ့ ပရိသတ်တွေကြားထဲ တရှိန်ထိုးဝင်ရောက်နိုင်ခဲ့တဲ့ မင်းသမီးလေး နန်းစန္ဒာလှထွန်းလေးဟာယခုဆိုရင်တော့ ဇာတ်လမ်းတွဲတွေနဲ့ အောင်မြင်နေတဲ့ မင်းသမီးတစ်ဦးအဖြစ် ရှိနေခဲ့ပါပြီ။ အရိပ်ဇာတ်လမ်းတွဲထဲမှာလည်း သူနာပြုလေးအဖြစ် ရိုးရိုးလေးသရုပ်ဆောင်ထားတဲ့ သက်သက် ဟာ ပရိသတ်တွေရဲ့ အားပေးမှုကို တခဲနက်ရရှိထားခဲ့ပါတယ်။ အပြုံးယဉ်ယဉ်လေးနဲ့ ပရိသတ်တွေရဲ့ အသည်းကို ရယူနိုင်ခဲ့တဲ့ မင်းသမီးလေးနန်းစန္ဒာလှထွန်းဟာ ယနေ့မှာတော့မွန်မြတ်လွန်းလှတဲ့ လှူဒါန်းမှုကြီးတစ်ခုကို ပြုလုပ်ခဲ့ပါတယ်။

သူမရဲ့ လှူဒါန်းမှုလေးကတော့ အမြတ်တနိုးတန်ဖိုးထားခဲ့တဲ့ ဆံပင်လေးတွေကို လှူဒါန်းလိုက်တာဖြစ်ပါတယ်။ နန်းစန္ဒာလှထွန်းဟာ စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ် နှင့် ယင်းမာပင်မြို့နယ်အတွင်းရှိတဲ့ အလောင်းတော်ကသပ ပင်မလမ်းဖြစ်သော ရွှေပင်တံတားလမ်းအတွက် လှူဒါန်းခဲ့တာဖြစ်ပါတယ်။

သူမကတော့ “ကိုယ်တတ်နိုင်တဲ့ အလှူလေးတစ်ခု ☺ ဘယ်အရာနဲ့မှ လဲလို့မရတဲ့ဝမ်းသာပီတိ ☺🤗” ဖြစ်ခဲ့ရတယ်ဆိုပြီး လှူဒါန်းမှုအစုစုပုံရိပ်လေးတွေနဲ့ တင်ထားခဲ့တာဖြစ်ပါတယ်။ တကယ်ကို မွန်မြတ်လှတဲ့ လှူဒါန်းမှုလေးပဲဖြစ်ပါတယ်။ ယခုဘဝမှာလည်း ရုပ်ရည်ရူပကာနဲ့ ပြည့်စုံလွန်းလှတဲ့ နန်းစန္ဒာလှထွန်းတစ်ယောက် စိတ်ထားလေးလည်းမွန်မြတ်လွန်းလှတာတွေ့ရပါတယ်။

နန်းစန္ဒာလှထွန်းရဲ့ မွန်မြတ်လှတဲ့ ကုသိုလ်အတွက် ပရိသတ်တွေလည်းသာဓုခေါ်ဆိုနိုင်အောင် ဖော်ပြပေးလိုက်ရခြင်းဖြစ်ပါတယ်။

Source : We Love Cele
Photos-Nan Sandar Hla Tun

Facebook Comments

admin

error: Content is protected !!