ကွယ်လွန်သူ မင်းသွေးရဲ့ အပြင်စိတ်နေစိတ်ထားကိုပါ ခန့်မှန်းနိုင်တဲ့ ”မုန်းစွဲ” ဇာတ်ကားရိုက်ကွင်းမှ အမှတ်တရပုံရိပ်တစ်ချို့

အဆိုတော် ၊ သရုပ်ဆောင် မင်းသွေးတစ်ယောက် ကွယ်လွန်သွားခဲ့တာ ယနေ့နိုဝင်ဘာလ ၃ရက်နေ့မှာတော့ (၁) လတိတိပြည့်သွားခဲ့ပြီ ဖြစ်ပါတယ်။ ဘောလုံးကစားရင်း အမောဖောက်ကာ အသက်ဆုံးရှုံးသွားခဲ့တဲ့ မင်းသွေးကို အနုပညာသားတွေနဲ့အတူ ပရိသတ်တွေအားလုံးက အမှတ်တရရှိနေဆဲ ဖြစ်ပါတယ်။ မင်းသွေးရဲ့ ဇာတ်ကားတွေက မကြာမီမှာ ရုံတင်ပြသတော့မှာဖြစ်တာကြောင့် မင်းသွေးကွယ်လွန်သွားခြင်းကို အားလုံးကနှမြောတသ ယူကြုံးမရဖြစ်နေရတာ ဖြစ်ပါတယ်၊

နေတိုးနဲ့ မင်းသွေးတို့ညီအစ်ကို ပါဝင်သရုပ်ဆောင်ထားတဲ့ ”မုန်းစွဲ” ရုပ်ရှင်ဇာတ်ကားကြီးက နိုဝင်ဘာလ ၁၆ ရက်နေ့မှာ မြန်မာနိုင်ငံနဲ့ စင်ကာပူ နှစ်နိုင်ငံလုံးမှာ တစ်ချိန်တည်း ရုံတင်ပြသတော့မှာ ဖြစ်ပါတယ်။ ဒီလိုဖြစ်ရပ်မျိုးက ပထမဆုံးဖြစ်သလို ရုပ်ရှင်လောကအတွက် သမိုင်းမှတ်တိုင်တစ်ခု စိုက်ထူနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။ ဒီဇာတ်ကားထဲမှာ မင်းသွေးတစ်ယောက် ကိုယ်ရောစိတ်ပါ နှစ်ပြီး သဘာဝကျကျ အကောင်းဆုံး သရုပ်ဆောင်ထားနိုင်တာ တွေ့ရပါတယ်။ ယနေ့မင်းသွေးရဲ့ တစ်လပြည့်အထိမ်းအမှတ်အဖြစ် နေတိုးတို့မိသားစုက အိမ်မှာပဲ ဆွမ်းကပ်အလှူပြုခဲ့ကြပါတယ်။

ဒါ့အပြင် မုန်းစွဲအဖွဲ့သားများကလည်း မင်းသွေးအတွက် အမှတ်တရစကားတစ်ချို့နဲ့ ပုံရိပ်တစ်ချို့ကို ပြန်တင်ပေးခဲ့ပါတယ်။ “မုန်းစွဲ ရုပ်ရှင်ဇာတ်ကား အဖွဲ့ဝင် မင်းသွေး ကွယ်လွန်ခြင်း တစ်လပြည့်နေ့ အမှတ်တရအနေဖြင့် မုန်းစွဲ ဇာတ်ကားရိုက်ကွင်းပေါ်မှာ ပုံလေးတစ်ပုံကို တင်ပေးလိုက်ပါတယ်။ ဒီပုံဟာ မင်းသွေး ရဲ့ အပြင်စိတ်နေစိတ်ထားကို ခန့်မှန်းကြည့်ရင် သိနိုင်ပါတယ်။ ” ဆိုပြီး မင်းသွေးရဲ့ပုံရိပ်လေးစ်ခုကို ပြန်တင်ပေးထားတာဖြစ်ပါတယ်၊၊ ကလေးတွေကို ချစ်တတ်ပြီး ကလေးတိုင်းနဲ့ရင်းနှီးတဲ့ မင်းသွေးရဲ့ပုံရိပ်လေးက တကယ့်ကို ကြေကွဲစရာပါပဲနော်။ ကဲ ချစ်ပရိသတ်တွေအတွက် မင်းသွေးရဲ့ အမှတ်တရပုံရိပ်လေးတွေကို ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်နော်။

Source:မုန်းစွဲ ရုပ်ရှင်ဇာတ်ကားကြီး FB page

Facebook Comments

admin

error: Content is protected !!