အနုပညာလောကကနေ လုံးဝပျောက်ကွယ်သွားဖို့ အစီအစဉ်မရှိဘူးဆိုတဲ့ အိမ့်ထရက်ရှာ

မော်ဒယ်အိမ့်ထရက်ရှာကတော့ ချစ်စရာကောင်းတဲ့ မျက်နှာပေါက်လေးနဲ့ အနုပညာလောကထဲကို ဝင်ရောက်ခဲ့တဲ့အပြင် မြန်မာအိုင်ဒေါ Season 3 မှာလည်း ဝင်ရောက်ယှဉ်ပြိုင်ပြီး ပရိသတ်တွေရဲ့ အားပေးမှုကို ရရှိခဲ့သူဖြစ်ပါတယ်။ မကြာသေးခင်ကမှ Privacy ချိုးဖောက်ခံခဲ့ရတဲ့ အိမ့်ထရက်ရှာဟာ ကြုံနေရတဲ့ အခက်အခဲတွေကို ကြံ့ကြံ့ခံရင်ဆိုင်ခဲ့ရပါတယ်။ ချစ်သူကတော့ နိုင်ငံရပ်ခြားမှာ ပညာသင်ကြားနေတာဖြစ်ပြီး ချစ်သူသက်တမ်း (၃) နှစ်အတွင်းမှာ ရောက်ရှိနေပြီဖြစ်ပါတယ်။ လာမယ့် ဒီဇင်ဘာလမှာတော့ သူမချစ်သူက မြန်မာနိုင်ငံသို့ပြန်လာမှာဖြစ်ပြီး စီစဉ်စရာရှိတဲ့အရာတွေကို စီစဉ်တော့မယ်လို့ အင်တာဗျူးမှာဖြေဆိုထားပါတယ်။

အိမ့်ထရက်ရှာကတော့ သူမကို အနုပညာလောကကနေ ပျောက်ကွယ်သွားဖို့ ရည်ရွယ်ချက်ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ ဖန်တီးတဲ့သူတွေစိတ်ဆန္ဒကို မဖြည့်ဆည်းပေးနိုင်ပါဘူးလို့ ပြတ်ပြတ်သားသား ပြောဆိုလိုက်ပါတယ်။ သူမဟာ သူမချစ်တဲ့ အနုပညာလောကမှာ အနုပညာအလုပ်တွေလုပ်နေရင်း ဆက်လက်ရပ်တည်သွားမှာဖြစ်ပါတယ်။ ဒီအကြောင်းကိုတော့

“ဖြစ်တာတွေကလည်းဖြစ်ပြီးသွားပြီလေ။ ဖြေရှင်းထားပါတယ်။ ပြီးတော့ ဒီဟာတွေကလည်း ဘယ်လိုမှ ပြန်ပြီးတော့ အဖက်ဆယ်လို့လည်းမရတော့ဘူး ဒါပေမယ့် အိမ့်ဘယ်လိုမှ ပျောက်ကွယ်သွားဖို့လည်းစိတ်ကူးမရှိဘူး ဘာလို့လဲဆို ဒါ အိမ့်ကို ပြိုလဲသွားအောင် တမင်သက်သက် တိုက်ခိုက်ခံရတာဖြစ်တဲ့အတွက်ကြောင့် အိမ့်မပြိုလဲသွားဘူး။ ပြိုလဲသွားစေချင်တဲ့သူတွေရဲ့ ဆန္ဒကို အိမ့်ဖြည့်ဆည်းပေးလို့မဖြစ်ဘူး။” လို့ 8 Days ဂျာနယ်ရဲ့ အင်တာဗျူးမှာဖြေကြားထားတာဖြစ်ပါတယ်။

အိမ့်ထရက်ရှာကတော့ ဒီဖြစ်ရပ်တွေနောက်မှာ သူများကိုယုံကြည်တာရယ်၊ ကိုယ်တိုင်က ပေါ့ဆတာရယ် သင်ခန်းစာ (၂) ခုရရှိခဲ့တယ်လို့ ဆိုပါတယ်။

အိမ့်ထရက်ရှာတစ်ယောက် တိုက်ခိုက်သူတချို့ကြောင့်အနုပညာလောကထဲကနေ ပျောက်ကွယ်မသွားပဲ ဒီထက်ပိုမိုအောင်မြင်အောင် ကြိုးစားနိုင်အောင်လို့ အားပေးစကားပြောခဲ့ပေးကြပါဦးနော်။We Love Cele

Photos-Eaint Treasure

Facebook Comments

admin

error: Content is protected !!