ရွှေမှုန်ရတီ မင်္ဂလာဆောင်တော့မှာနဲ့ပတ်သက်ပြီးပြောပြလာကြတဲ့ နိုင်ငံကျော်မင်းသားကြီး (၄) ဦး

နေတိုး

“အကိုတစ်ယောက်၊ ဆရာတစ်ယောက်အနေနဲ့ ပြောရရင် ကလေးတွေ ဘ၀တစ်ခုကို ထူတောင်တဲ့အချိန် နည်းနည်း စောလွန်းတယ်လို့ မြင်တယ်။ သူတို့နှစ်ယောက်ရဲ့ အနုပညာကို အိမ်ထောင်ပြုခြင်း၊ မပြုခြင်းက ရာခိုင်နှုန်းအများကြီးတော့ သက်ရောက်မှာ မဟုတ်ပါဘူး” လို့ပြောလာပါတယ်။

Video ကြည့်ရန်

လူမင်း

“လွန်ခဲ့တဲ့ တစ်ပါတ်လောက်ကမှ အိမ်မှာလာကန်တော့သွားသေးတယ်၊ ဘာမှလည်းပြောမသွားဘူးဆိုတော့ သူလုပ်ချင်တာကို ဖြစ်အောင်လုပ်သွားတယ်လို့ပဲထင်ပါတယ်။ချစ်သူဘ၀နဲ့ အိမ်ထောင်သည်ဘ၀က မတူပါဘူး၊ အတွေ့အကြုံအသစ် ပြသနာအသစ်တွေကို အတူတူရင်ဆိုင် ကျော်ဖြတ်နိုင်ပါစေ” လို့ပြောလာခဲ့ပါတယ်။

Video ကြည့်ရန်

ကျော်ကျော်ဗိုလ်

“သူတို့လည်း ပုထုဇဉ်ပဲလေ ချစ်ကြမယ်ကြိုက်ကြမယ်၊ အဖိုနဲ့အမ သဘာဝအရ အိမ်ထောင်ပြုကြမယ်။ သူတို့ဘ၀နဲ့ သူတို့ဖြတ်သန်းတာကို ကျနော်တို့က နားလည်ပေးရမယ်။ ရွှေမှုံရဲ့ စိတ်က တစ်ဖက်သားအပေါ်မှာ မကောင်းတဲ့ စိတ်မရှိဘူး” လို့ပြောလာခဲ့ပါတယ်

Video ကြည့်ရန်

မြင့်မြတ်

“သူယူတာလည်း ရွှေထူးနဲ့ အနုပညာသမား အချင်းချင်းဆိုတော့ နားလည်မှုရှိမှာပါ။ ရွှေမှုံက အနုပညာပါရမီရှိပြီး မိဘကိုလုပ်ကြွေးနေတဲ့ ခလေးလေးပါ။ သရုပ်ဆောင်နဲ့ ပတ်သက်ပီး အရမ်းတော်ပေမဲ့ စိတ်ထဲ ထင်ရာလုပ်တတ်တာတစ်ခုပဲ” လို့ပြောလာခဲ့ပါတယ်။

Video ကြည့်ရန်

Source : myanmar celebrity

Facebook Comments

admin

error: Content is protected !!