အရမ်းဟော့ဖြစ်နေတဲ့ နီနီရဲ့ ခင့်မှာတမ်း သီချင်းလေးကို တစ်ပုံစံထဲတူအောင်လိုက်ဆိုပြီးအမိုက်စားသရုပ်ဆောင်ပြလိုက်တဲ့ ထိပ်ထားလေးရဲ့ ဗီဒီယိုဖိုင်

လတ်တလောမှာ ပရိသတ်တွေအပြင် အနုပညာရှင်တွေအားလုံးရဲ့ အချစ်တော်လေးနေရာကို ရရှိထားသူကတော့ မော်ဒယ်ပေါက်စလေး ထိပ်ထားသခင်ပဲ ဖြစ်ပါတယ်။ ထိပ်ထားလေးက အသက် ၃နှစ်ကျော်ဝန်းကျင်သာရှိသေးတဲ့ ကလေးလေးဆိုပေမယ့် လူကြီးလေးလို စကားတတ်ပြီးလည်သလို သီချင်းလေးတွေကိုလည်း မရိုးနိုင်အောင် သီဆို၊သရုပ်ဆောင်ပြတတ်တာကြောင့် ခဏလေးအတွင်းမှာတင် အနုပညာရှင်တစ်ဦးအဖြစ် အားလုံးရဲ့အသိအမှတ်ပြု အားပေးခြင်းခံခဲ့ရပါတယ်။

ကလေးလေးဆိုပေမယ့် လုံးဝ ကြောက်ရွံ့ခြင်းမရှိဘဲ ရဲရင့်တဲ့ထိပ်ထားလေးက အခုဆိုရင် မြန်မာနိုင်ငံရဲ့အသက်အငယ်ဆုံး မော်ဒယ်လေးအဖြစ် ရပ်တည်နေပြီ ဖြစ်ပါတယ်။ လက်ရှိမှာလည်း ထိပ်ထားက မီဒီယာနဲ့အနုပညာအသိုင်းအဝိုင်းရဲ့ စိတ်ဝင်စားခြင်းခံနေရပြီး အရွယ်လေးနဲ့မလိုက်အောင် အလုပ်တွေကြိုးစားပြီး လုပ်ကိုင်နေတာလည်း တွေ့ရပါတယ်။လတ်တလောမှာလည်း နီနီရဲ့ ခင့်မှာတမ်း MTV လေးကို တစ်ပုံထဲတူအောင်သရုပ်ဆောင်ကာ သီဆိုပြထားတဲ့ ဗီဒီယိုလေးကိုဖော်ပြထားတာတွေ့ရပါတယ်

ဗီဒီယိုလေးထဲမှာ ထိပ်ထားလေးကတော့ အရမ်းကို ချစ်စရာကောင်းနေတာဖြစ်ပြီ ပရိသတ်တွေ သဘောကျချစ်ခင်ကြမှာ အမှန်ပဲဖြစ်ပါတယ်။ကဲ…..ချစ်ပရိသတ်ကြီးတွက် ထိပ်ထားလေးရဲ့ ထိပ်မှာတမ်း အမိုက်စားဗီဒီယိုလေးကို မျှဝေပေးလိုက်ပါတယ်။

Video ကြည့်ရန်

Source:Htate Htar Thakhin

Facebook Comments

admin

error: Content is protected !!